Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 10, 2015

ထောင်တွင်းဖြစ်ဂစ်တာ

အိမ်ပြောင်းတော့ သမိုင်းဝင်ဂစ်တာလေးတွေလည်းသေချာသယ်ခဲ့ရပါတယ်။
ထောင်တွင်းဖြစ် Hand made စစ်စစ်ပေါ့။
၂၀၁၂ ပြန်လွတ်လာပြီး American Centre မှာထောင်တွင်းအနုပညာရှင်သန်မှုအကြောင်း
Performance program မှာ ကျွန်တော်နဲ့တောင်ငူထောင်မှာ အတူနေခဲ့စဉ်က ကျွန်တော့်
ဂီတအမွေလက်ဆင့်ကမ်းပေးဖြစ်ခဲ့တဲ့ ကျောင်းသားလူငယ် နိုင်ငံရေးအကျဉ်းသားဟောင်း
မိုးမခ၊ စောမြင့်နိုင် တို့နဲ့အတူ ထောင်တွင်းမှာဖန်တီးခဲ့တဲ့သီချင်းတွေကို ထောင်တွင်းဖြစ်
ဂစ်တာတွေနဲ့တင်ပြခဲ့ပါတယ်။
၂၀၁၃ ရှစ်လေးလုံးငွေရတုပွဲမှာလည်းနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကစီစဉ်တင်ဆက်တဲ့
ထောင်တွင်းပုံစံတူ အကျဉ်းစံတိုက်ခန်းငယ်ထဲမှာဒီဂစ်တာတွေကိုပါပြသခဲ့ပါတယ်။
Win Maw Shwethanzin

No comments:

Post a Comment