Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

ထူးချွန်ကျောင်းသားများ နေပြည်တော် အတွင်း လေ့လာရေးခရီး လည်ပတ်




နေပြည်တော် ၊ ၁၀-၇-၂၀၁၅

တပ်မတော် (ကြည်း၊ရေ၊လေ) ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တွင် တက္ကသိုလ်ဝင် စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင် ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများ၊ ဘက်စုံပညာ ထူးချွန် လူငယ်များ နှင့် တက္ကသိုလ် ပညာသင်ဆု ချီးမြှင့်ခြင်း ခံရသော ကျောင်းသား၊ ကျောင်းသူ များသည် မိဘများနှင့် အတူ ယမန်နေ့တွင် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ရှိ သတ္တ သတ္တာဟ စေတီတော်သို့ သွားရောက် ဖူးမြော် ကြသည်။

၎င်းနောက် မွန်းလွဲပိုင်းတွင် တပ်မတော် စစ်သမိုင်း ပြတိုက်သို့ သွားရောက်ကာ တပ်မတော် (ကြည်း) ပြခန်းများနှင့် ပြင်ပ ပြကွက်များ ဖြစ်သော တပ်မတော် (ကြည်း၊ရေ၊ လေ)မှ တိုက်ခိုက်ရေး ယာဉ်များ၊ စစ်ရေယာဉ် များနှင့် လေယာဉ်များ ကို သွားရောက် လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်းပြသ ကြသည်။

ထို့နောက် ညပိုင်းတွင် ဥပ္ပါတသန္တိ စေတီတော်သို့ သွားရောက် ဖူးမြော် ကြည်ညို၍ ဆင်ဖြူတော် များကို ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။

#PyiChitThar

No comments:

Post a Comment