Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 5, 2015

ဝင်ရောက်ကြည့်ရှုဖို့တန်းစီရတဲ့ ၀က်ဘ်ဆိုက်

ဗြိတိန်မှာ လူတိုင်း နှစ်သက်စွာ လုပ်ဆောင်ကြတဲ့အရာကတော့ တန်းစီတာပါပဲ။

အခုလည်း သင်ဟာ အင်တာနက်ပေါ်က သီးသန့် အဖြစ်ဆုံး ၀က်ဘ်ဆိုက်ကို ၀က်ရေက်ကြည့်ရှုဖို့အတွက် ဒစ်ဂျစ်တယ် စနစ်နဲ့ တန်းစီ လို့ရပါပြီ။

ဆိုလိုချင်တာကတော့ Mostexclusivewebsite.com ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ ဆိုက်ကို ၀င်ရောက်ကြည့်ရှုခွင့် တစ်ကြိမ်ကို တစ်ယောက်သာ ခွင့်ပြုထားပါတယ်။ တစ်ယောက်ကိုလည်း တစ်မိနစ်သာ ၀က်ဘ်ဆိုက်ကို ကြည့်ရှုခွင့်ပေးပါတယ်။ တစ်ကြိမ်တည်းမှာ ဆိုက် ကို ၀င်ရောက်ကြည့်ရှုချင်သူတွေများနေရင်လည်း တန်းစီပြီး စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

ဒါကြောင့် လူပေါင်းမြောက်များစွာက တန်းစီပြီး စောင့်နေကြပါတယ်။ ၀က်ဘ်ဆိုက်ထဲမှာ ဘာတွေရှိလည်းဆိုတာကိုလည်း ဘယ်သူမှ မသိကြသေးပါဘူး။

ထို ၀က်ဘ်ဆိုက်ကို ၀င်ရောက်ဖို့တန်းစီနေသူတွေဟာ လက်မှတ် တွေပေးအပ်ခြင်းခံရပါတယ်။ ထိုလက်မှတ်မှာပါတဲ့ မိမိရဲ့ နံပါတ်ကို ကြည့်ပြီးစောင့်ဆိုင်းရတာဖြစ်ပါတယ်။ ဥပမာ သင့်ရဲ့လက်မှတ်နံပါတ်ကတော့ ၁၇၃၂၃၆ ဖြစ်ပါတယ်။ သင့်ရှေ့မှာ လူ အယောက် ၂၁၈၈၀ တန်းစီနေပါတယ်။ ဒီလောက်များတဲ့ ပမာဏ မျိုးဆိုရင်တော့ အနည်းဆုံး ၃၆၄ နာရီလောက်တော့ စောင့်ရပါတယ်။

ဒီလိုနဲ့ စောင့်စားနေသူတွေ မိမိရဲ့ အလှည့်ကိုရောက်လို့ ၀င်ကြည့်လိုက်တဲ့အခါမှာတော့ ၁ မိနစ်သာ အချိန်ရတဲ့အတွင်း ကြောင်ပုံလေးများကိုသာ တစ်ပုံပြီးတစ်ပုံ လှည့်လည် ပြသသွားခဲ့ပါတယ်။ တစ်ကယ်တော့ လူထောင်ပေါင်းများစွာကို စောင့်ဆိုင်းခိုင်းပြီး ကြော်ငြာတွေ ရောင်းချဖို့ ကြိုးစားတဲ့ ၀က်ဘ်ဆိုက်သာ ဖြစ်နေပါတော့တယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Metro

No comments:

Post a Comment