CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 28, 2015
နောက်ထပ်၁၀စုနှစ် နောင်အနှစ် ၂၀ အတွင်း ဘန်ကောက်မြို့ ရေအောက်ရောက်သွားနိုင်ကြောင်း အစီရင်ခံစာထုတ်ပြန်
တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာနေဆဲ အခြေအနေနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု အနေအထားတို့ကြောင့် နောက်ထပ်ဆယ်စုနှစ် ၂ ခု အတွင်း ဘန်ကောက်မြို့သည် ပင်လယ်ရေအောက်သို့ ရောက်ရှိသွားနိုင်ကြောင်း ထိုင်းအမျိုးသား ပြုပြင်ပြောင်းလဲရေး ကော်မတီ၏ အစီရင်ခံစာအသစ်တစ်ခုက ဆိုထားသည်။ အစီရင်ခံစာအရ မြို့တော်ဘန်ကောက်ကို နစ်မြုပ်သွားစေနိုင်သည့် ဘန်ကောက်၏ ရေအောက်နစ်မြုပ်နိုင်မှု ပြဿနာကို စီမံခန့်ခွဲရန် အစိုးရက အမျိုးသားကော်မတီတစ်ခု တည်ထောင်ဖွဲ့စည်းသင့်သည်ဟု ကောင်စီက အကြံပြုထားခဲ့သည်။
ဘန်ကောက်ရှိ အထပ် ၂၀ မြင့် သည့် မိုးမျှော်တိုက်ကြီးများနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးတို့က ရေမျက်နှာပြင် အောက်သို့ ရောက်ရှိစေရန် အထောက်အကူပြုခဲ့ပြီး ဖြစ်သည်ဟု အစီရင်ခံစာကဆိုသည်။
ပင်လယ်ရေမျက်နှာပြင် အထက် ၀.၅ မီတာနှင့် ၂ မီတာအကြားတွင်သာ ရှိတော့သည့် မြို့တော်သည် တစ်နှစ်လျှင် ၁၀ မီလီမီတာနှုန်းဖြင့် ရေမျက်နှာပြင်အောက် နစ်မြုပ်လာကြောင်း ရေအရင်းအမြစ် ကျွမ်းကျင်သူများက ဆိုထားသည်။
မြို့ပြဖွံ့ဖြိုးရေးနှင့် ထုထည်ကြီးမားသည့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများကလည်း မြေထုအား ပိုမိုဝန်ပိစေသည်ဟု ယုံကြည်ရသည့်အပြင် ဥပဒေအရ အထိန်းအကွပ်မရှိ မြေအောက်ရေ အသုံးပြုမှုကလည်း ရေမျက်နှာပြင်အောက် နစ်မြုပ်ခြင်းကို အထောက်အကူ ပြုလျက်ရှိကြောင်း စိုးရိမ်ရမှုများရှိနေသည်။
အရေးပေါ် သောက်ရေများရရှိရန် အဆိုပါ အရန်ရေအရင်းအမြစ်ကို ရယူသုံးစွဲနေဆဲဖြစ်ရာ ဆယ်စုနှစ်များအတွင်း နိုင်ငံ၏ အဆိုးရွားဆုံး မိုးခေါင်မှုကလည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။
မြို့ပြဖွံ့ဖြိုးရေးနှင့် ပိုကောင်းမွန်သည့် ရေအရင်းအမြစ် စီမံခန့်ခွဲရေးတို့ ပြုပြင်ပြောင်းလဲရေးများ အပါအဝင် ပြဿနာကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများစွာကို အမျိုးသား ပြုပြင်ပြောင်းလဲရေးကောင်စီက အဆိုပြုခဲ့ပြီးလည်း ဖြစ်သည်။ မြို့တော်ကို နေရာပြောင်းရွှေ့ခြင်း သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၄.၃ ဘီလီယံ ကုန်ကျနိုင်သည့် ထိုင်းပင်လယ်ကွေ့တစ်လျှောက်ပင် လယ်ရေထိန်းနံရံ တည်ဆောက်ခြင်းကဲ့သို့ အဆောတလျင် ဖြေရှင်းချက်များလည်း တင်ပြထားခဲ့ပြီးဖြစ်သည်။
ကောင်စီ၏ တွေ့ရှိချက်များအပေါ် သုံးသပ်ချက်တစ်ခု ပြုလုပ်ရန်နှင့် ၇ ရက်အတွင်း ဝန်ကြီးများအဖွဲ့သို့ အသေးစိတ် အစီရင်ခံစာတစ်ခုတင်သွင်းရန် အစိုးရက အမျိုးသားပြုပြင်ပြောင်းလဲရေး ကောင်စီသို့ စေခိုင်းထားပြီး ဖြစ်ကြောင်း ဆိုသည်။
PKT
The Ladies News Journal
https://www.facebook.com/News.TheLadies
နောက်ထပ်၁၀စုနှစ် နောင်အနှစ် ၂၀ အတွင်း ဘန်ကောက်မြို့ ရေအောက်ရောက်သွားနိုင်ကြောင်း အစီရင်ခံစာထုတ်ပြန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 28, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 28, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment