Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 29, 2015

ရှက်ဖီးယူနိုက်တက် ယူ-၂၁ အသင်းတွင် ကစားနေသည့် ကရင်တိုင်းရင်းသား ကလာဟားကို မြန်မာကိုယ်စားပြုနိုင်ရေးအဖွဲ့ချုပ်က ညှိနှိုင်းနေ


မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် အင်္ဂလန်လိဂ်ဝမ်း ကလပ် ရှက်ဖီးယူနိုက်တက်ယူ- ၂၁ အသင်းမှ ကရင်တိုင်းရင်းသားကလာဟား (Kler Heh) ကို မြန် မာ့လက်ရွေးစင်ကစားသမားဖြစ် လာရန် ညှိနှိုင်းမှုများပြုလုပ်နေ ကြောင်း သတင်းရရှိသည်။

‘‘သူ (ကလာဟား)က မြန်မာ နိုင်ငံသားဖြစ်မှ ကန်လို့ရမယ်။ ဖြစ်ရင် ဒီမှာလာပြီး စမ်းသပ်ခံ။ နည်းပြကကြိုက်ရင်တော့ လက်ရွေးစင်ဖြစ်မှာပဲ။ လောလောဆယ်တော့ အီးမေးလ်နဲ့ အပြန်အလှန်ဆက် သွယ်ပြောဆိုနေတာ’’ဟု မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

တောင်ပံကစားသမားဖြစ် သူ ကလာဟားသည် အင်္ဂလန် နိုင်ငံသား ခံယူထားသူဖြစ်ပြီး မြန်မာကိုယ်စားပြုကစားသမား ဖြစ်လာရန် ၎င်း၏ အေးဂျင့်၊ မိဘများနှင့် တိုင်ပင်ကာ မကြာမီ အချိန်အတွင်း အကြောင်းပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။အသက် (၁၈)နှစ်အရွယ်ကလာဟားသည် ယခုလအတွင်း ရှက်ဖီးယူနိုက်တက်ယူ-၂၁ အ သင်းနှင့် သုံးကြိမ်မြောက် စမ်းသပ်ခံအပြီးတွင် ပရော်ဖက်ရှင်နယ်ကစားသမားစာချုပ်ချုပ်ဆိုထားသူလည်း ဖြစ်သည်။

မြန်မာနယ်စပ်ရှိ ထိုင်းဒုက္ခ သည်စခန်း အမ်ပီယမ်၌ မွေးဖွား ခဲ့သူ ကရင်လူမျိုး ကလာဟား သည် အနာဂတ်တွင် မြန်မာ (သို့ မဟုတ်) ထိုင်းလက်ရွေးစင်အ သင်း၏ အသင်းခေါင်းဆောင်အ ဖြစ် ကစားရန် မြတ်နိုးကြောင်း Footballchannel.Asia သတင်း ဌာနအား ပြောကြားထားသည်။

လက်ရှိအချိန်တွင် ကလာ ဟားသည် ထိုင်းနိုင်ငံကိုယ်စားပြု ကစားသမားဖြစ်လာရန် ထိုင်း ဘောလုံးအဖွဲ့ချုပ်နှင့် စကားပြော ဆိုခြင်းမရှိသေးဘဲ မြန်မာဘော လုံးအဖွဲ့ချုပ်နှင့်သာ အီးမေးလ် ဖြင့် အပြန်အလှန်အဆက်အသွယ်ရှိကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူက ပြောကြားသည်။

7daydaily

No comments:

Post a Comment