Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 10, 2015

တရားစခန်းမှာ ဖုန်းမပြောရ၊ စကားမပြောရ စည်းကမ်းထုတ်ပြန်

တရုတ်နိုင်ငံဟာ စတော့ရှယ်ယာ ဈေးကွက်ပြိုလဲမှုနဲ့အတူ စီးပွားရေးသမားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်သွား ခဲ့ပါတယ်။ ဒီလိုဖြစ်ခဲ့သူတွေဟာ သူတို့ရဲ့ စိတ်ဓာတ်ကို ပြန်လည်ဆွဲတင်နိုင်ဖို့ တရားစခန်းဝင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ရှန်ပာိုင်း မြို့မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဟာ အထူးတရားစခန်းကို ဖွင့်လှစ်ခဲ့ရာမှာ ရက်ပိုင်းအတွင်း စာရင်းသွင်းသူပေါင်း ( ၅၀၀) ကျော်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စာရင်းပေးထားသူတွေထဲက အယောက် (၇၀)ကိုသာရွေးပြီး နှစ်ရက် တရားစခန်း ၀င်စေခဲ့ပါတယ်။ တရားစခန်းကို ဘုန်းတော်ကြီးတွေက ကြီးကြပ်တာဖြစ်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။

တရားစခန်းဝင်သူတွေဟာ လည်ပင်းမှာ ကတ်တွေချိတ်ဆွဲထားပါတယ်။ ကတ်မှာ စကားမပြောရဆိုတဲ့စာသားကို ရေးသားထားပါတယ်။ နောက်ပြီး တရားစခန်းကို လာရောက်သူတွေရဲ့ ဖုန်းတွေ၊ အိုင်ပက်တွေကို တာဝန်ရှိသူတွေက သိမ်းဆည်း ထားပါတယ်။ ဒီလိုစည်းကမ်းတွေ သတ်မှတ် ထားတာကြောင့် တရားအားထုတ် သူတွေဟာ စိတ်အေးချမ်းသာစွာနဲ့ တရားစစ်ကိုရှာဖွေရာမှာ များစွာအထောက်အကူဖြစ်ပါတယ်။ တရား လာရောက်အားထုတ်တဲ့ အမျိုးသမီးတစ်ဦးက နှစ်ရက်အတွင်း စကားမပြောရ၊ ဖုန်းမပြောရ ခဲ့တာကြောင့် အလွန်ကြီးကျေနပ်စရာကောင်းတဲ့ စိတ်ခံစားမှုကို ရရှိစေခဲ့ကြောင်း ဟြေခဲ့ပါတယ်။
messenger news journal

No comments:

Post a Comment