ဆွေမျိုးသားချင်းတွေအချင်းချင်း ပြန်ယူခြင်းကို အင်္ဂလိပ်လိုဆိုရင် Cousin Marriage လို့ခေါ်ပါတယ်။ မောင်နှမ တစ်ဝမ်းကွဲကို ပြန်ယူခြင်းကို ကမ္ဘာ့ရဲ့ ၅၃ ရာခိင်နှုန်းလောက်က ပိတ်ပင်ထားပေမယ့် ၄၇ ရာခိုင်နှုန်းလောက်က ခွင့်ပြုထားတာကြောင့် ကမ္ဘာမှာ မင်္ဂလာဆောင်မှုရဲက ဆယ်ပုံပုံစ တစ်ပုံဟာ Counsin Marriage တွေ ဖြစ်နေပါတယ်။
ယင်းဟာ မကောင်းပါဘူး။ ဘာသာရေးရှုထောင့်ကနေ ကြည့်ရင် အငြင်းပွားစရာ ရှိသလို ဆေးပညာအရ ကြည့်ရင်လည်း မပေါင်းသင့်တဲ့ အကြောင်းတွေ ရှိနေပါတယ်။ ဆေးပညာပေမယ့် လူတိုင်းနားလည်အောင် ရှင်းပြရရင် Genetic (မျိုးရိုးဗီဇ) တစ်ခုခု ဖလှယ်ထားတဲ့ လူနှစ်ဦး ယူမယ်ဆိုရင် Genetic အရ ပေါင်းလို့မရတဲ့ အရာတွေကြောင့် ကလေးရတဲ့အခါ ကလေးမှာ စိတ်မနံ့ခြင်း၊ ကျပ်မပြည့်ခြင်း အပြင် အခြား ထင်မှတ်မထားတဲ့ ဗီဇချို့တဲ့ ရောဂါ မျိုးစုံ ဖြစ်နိုင်ပါတယ။
အလားတူပင် ယူတဲ့ သူအချင်းချင်းမှာလည်း ကျန်းမာရေး ပြဿနာများ ပေါ်ပေါက်နိုင်ပါတယ်။ အဓိကကတော့ Genetic တူတဲ့သူ အချင်းချင်းမှာ တိုက်နိုင်တဲ့ ရောဂါချင်းတူသလို၊ မတိုက်နိုင်တဲ့ ရောဂါချင်းလည်း တူပါတယ်။ အကယ်၍ ပေါင်းစပ်တဲ့အခါ နှစ်ယောက်စလုံးမှာ မတိုက်နိုင်တဲ့ ရောဂါ cell များ ပေါင်းမိသလိုဖြစ်တာကြောင့် generation များ မွေးဖွားတဲ့အခါ side effect ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း ပုံသေ မဟုတ်ပါဘူး။ genetic ကို ထိခိုက်တဲ့ ရာခိုင်နှုန်းက မထိခိုက်တဲ့ ရာခိုင်နှုန်းထက် အနည်းငယ် နည်းပါတယ်။ ဒါကြောင့်မို့လည်း cousin marriage ကို အရှေ့အလယ်ပိုင်းဒေသ တို့မှာ အများဆုံး ဆက်လက် မြင်တွေ့နေရခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ အိမ်ထောင်ပြုတဲ့အခါ ဆွေမျိုးမဟုတ်လေ ကောင်းလေလေ ဖြစ်ပြီး မဖြစ်မနေယူပြီဆိုရင်တောင် အနည်းဆုံး ၇ ဝမ်းကွဲလောက်အထိ ဝေးရင် genetic risk ပိုနည်းနိုင်ကြောင်း ဆိုပါတယ်။
Credit : yoyarlay
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 28, 2015
ဆွေမျိုးတော်လျှင် မပေါင်းဖက် သင့်သည့်အကြောင်း
ဆွေမျိုးတော်လျှင် မပေါင်းဖက် သင့်သည့်အကြောင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 28, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment