CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 8, 2015
အိန္ဒိယက လူအခွင့် အရေး လှုပ်ရှားသူ အမျိုးသမီးကို ထောက်လှမ်းရေးက တရားစွဲ
အိန္ဒိယ နိုင်ငံ က နာမည်ကျော် လူအခွင့် အရေး လှုပ်ရှားသူ အမျိုးသမီး တီစတာ ဆီတာလ်ဗတ် ကို အစိုးရ ရဲ့ ခွင့်ပြု ချက် မရပဲ နိုင်ငံခြား အထောက်အပံ့ ငွေ တွေ လက်ခံ ခဲ့ မှု နဲ့ အိန္ဒိယ ရဲ့ ဗဟို ထောက်လှမ်းရေး အဖွဲ့ CBI က တရား စွဲ လိုက် ပါတယ်။
အမေရိကန် အခြေစိုက် Ford Foundation ဆီ က ငွေ တွေ ကို Ms ဆီတာလ်ဗတ် ဦးဆောင်တဲ့ Sabrang ဆိုတဲ့ NGO အဖွဲ့ က လက်ခံ ရရှိခဲ့တာ ကို စာရင်းစစ် တွေ့ ရှိရတယ် လို့ CBI က ပြောပါတယ်။
Ms ဆီတာလ်ဗတ် ဟာ လက်ရှိ ဝန်ကြီး ချုပ် Narendra Modi ဂူဂျာရတ် ပြည်နယ် ဝန်ကြီးချုပ် ဘဝ ၂၀၀၂ ခုနှစ် တုန်းက ပြည်နယ် တွင်း ဖြစ်ပေါ် ခဲ့တဲ့ မွတ်ဆလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်း တွေ ကို တားဆီးရန် ပျက်ကွက် ခဲ့ မှု နဲ့ ဥပဒေ အရ အရေးယူ နိုင် ဖို့ ကြိုးစား နေသူ ဖြစ် ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
အိန္ဒိယက လူအခွင့် အရေး လှုပ်ရှားသူ အမျိုးသမီးကို ထောက်လှမ်းရေးက တရားစွဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment