၁၈၀၀ ပြည့်လွန်နှစ်များအတွင်း မွေးဖွားခဲ့သူ Susammah Mushatt Jones နဲ့ Emma Morano အမည်ရှိ အမျိုးသမီးနှစ်ဦးဟာ အသက်ရှင်ဆဲရှိတယ်လို့ သတင်းရရှိပါတယ်။
ဒီအမျိုးသမီးနှစ်ဦးဟာ ကမ္ဘာပေါ်မှာ ၁၈၀၀ပြည့်လွန်နှစ်များ အတွင်း မွေးဖွားခဲ့သူများအနက် နောက်ဆုံး အသက်ရှင်ကျန်သူနှစ်ဦးပဲ ဖြစ်ပါတယ်။
၁၈၉၉ခုနှစ်မှာ ၄င်းအမျိုးသမီးနှစ်ဦးကို မွေးဖွားခဲ့တာဖြစ်ပြီး အဲဒီ့အချိန်တုန်းက ပင်နယ်ဆလင်၊ ကမ္ဘာ့စစ်နဲ့ လျှပ်စစ်မီးဆိုတာတွေဟာလည်း မရှိသေးပါဘူး။ ကမ္ဘာကြီးက သူတို့နှစ်ဦးရဲ့ အသက်ရှည်ကြာချိန်တွေကို စတိုးပွားပေးပြီး အလွန်အမင်းဆွဲဆန့် ပေးခဲ့ပါတယ်။
စစ်ပွဲတွေမှာ ပျက်စီးသွားခဲ့တဲ့ အထင်ကရ အဆောက်အဦးတွေနဲ့ မြို့တွေ မပျက်စီးခင်မှာမြင်တွေ့ခွင့် ရခဲ့သလို ပြန်လည် တည်ဆောက်ပြီးချိန်ကိုလည်း မြင်တွေ့ခွင့်ရခဲ့သူတွေပါပဲ။
နယူးယောက်မှာနေထိုင်တဲ့ Jones ဟာ စူပါစင်ကျူရီ (သို့) နှစ်ပေါင်း ၁၁၀ကြာ ရှင်သန်နေထိုင်ခဲ့ကြသူများ စာရင်းမှာ ထိပ်ဆုံးပါပဲ။ ဒီစာရင်းကိုတော့ လော့စ်အန်ဂျလိစ် အခြေစိုက် ဇရာဗေဒ သုတေသနအုပ်စုကနေ ပြုစုခဲ့တာပါ။
အီတလီမှာနေထိုင်တဲ့ Morano ကတော့ Jones ထက် လအနည်းငယ် ငယ်ပြီး ဥရောပရဲ့ အသက်အကြီးဆုံးသူ ပဲဖြစ်တယ်လို့ ၄င်းအုပ်စုရဲ့ မှတ်တမ်းအရ သိရပါတယ်။ ၄င်းအုပ်စုရဲ့ ၁၈၀၀ ပြည့်လွန်နှစ်များအတွင်း မွေးဖွားခဲ့သူစာရင်းမှာတော့ ၄င်းတို့နှစ်ဦးအပြင် တခြားသူမရှိပါဘူး။
Thithtoowlwin
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
၁၈၀၀ ပြည့်လွန်နှစ်များအတွင်း မွေးဖွားခဲ့သူ အမျိုးသမီးနှစ်ဦး အသက်ရှင်ဆဲ
၁၈၀၀ ပြည့်လွန်နှစ်များအတွင်း မွေးဖွားခဲ့သူ အမျိုးသမီးနှစ်ဦး အသက်ရှင်ဆဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment