သမ္မတဟောင်း George Bush senior (Credit: AFP) |
ကျန်းမာရေး အခြေအနေက ငြိမ်သက်နေပေမယ့် လည်ပင်းမှာ လည်ပတ်တော့ ဝတ်ထားရမယ်လို့ ဆိုပါတယ်။
အသက် ၉၁ နှစ်အရွယ် ဂျော့ဂ်ျဘုရှ်ကို အခုလောလောဆယ် ဆေးရုံတင်ထားရပြီး သတိတွေ ကောင်းမွန်နေတဲ့အတွက် မကြာခင်မှာ ဆေးရုံကနေ ဆင်းလာမယ်လို့ မျှော်လင့်ရကြောင်း ပြောပါတယ်။
သမ္မတ ဘုရှ် ဆီနီယာဟာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ အမေရိကန် သမ္မတအဖြစ် အမှုထမ်းဆောင်ခဲ့ပြီး အီရတ် သမ္မတ ဆာဒန် ဟူစိန်ကို မုန်းတီးမှုနဲ့ ၁၉၉၀ ပြည့်နှစ်တုန်းက ကူဝိတ်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်မှုအတွက် ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။
သမ္မတအဖြစ် ဒုတိယ သက်တမ်း ရရှိဖို့ ကြိုးစားပေမယ့် သမ္မတ ကလင်တန်က အနိုင်ရရှိသွားပါတယ်။
သူ့ရဲ့သား ဂျော့ဂ်ျဘုရှ် ဂျူနီယာကလည်း နောက်ပိုင်းမှာ သမ္မတ ဖြစ်လာသလို ၂၀၁၆ ခုနှစ်မှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာလည်း သူ့ရဲ့သား Jeb Bush က ဝင်ရောက်ယှဉ်ပြိုင်မယ့်အတွက် သမ္မတ ဖြစ်ဖို့ အစဉ်အလာများတဲ့ မိသားစုလို့ တင်စားကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment