Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

အနာဂတ်တွင် ပေါ်ထွက်လာမည့် သံစက်ရုပ်များက လူသားများကို မျိုးဖြုတ်ပစ်ကြမည့် သဘောရှိကြောင်း သတိပေးပြောကြား




ဝါရှင်တန် ၊ ၇-၇-၂၀၁၅

လာမည့် အနာဂတ်တွင် ပေါ်ထွက် လာကြမည့် သံစက်ရုပ် များသည် လူသားတို့ထက် ပိုမို သန်မာပြီး အတွေး မြန်မြန်ဖြင့် လှုပ်ရှားမှု မြန်ဆန် လာခြင်းက လုပ်ဆောင်မှု များတွင် ၄င်းတို့မပါ မပြီးသလောက် ဖြစ်လာကြပြီး နောက်ဆုံးတွင် လူသားများအား မျိုးဖြုတ်ပစ် ကြမည့် သဘောရှိကြောင်း ဒေါက်တာ အန်စရောင်း က သတိပေး ပြောကြား ခဲ့သည်။

TERMINATOR သံစက်ရုပ် ဇာတ်ကားသည် TRANSCENDENCE သံစက်ရုပ် လုပ်ခြင်း ဇာတ်ကားများကို ကျွန်ုပ်တို့သည် ''လူလုပ် သံစက်ရုပ် များသည် လုံးဝ ယုံကြည်၍မရ '' ဟူသော သတိတရား ကို ရစေကြောင်း၊ ယနေ့ ကာလများတွင် သံစက်ရုပ် များကို ထိန်းသိမ်း ကာကွယ်ရေး နည်းပညာများ ပိုမိုပြီး သုတေသန ပြုလုပ် နေသည်ဟု ယုံကြည်ကြောင်း ပြောပြသည်။ အကြောင်းမှာ သူတို့က ကိုယ့်ကို ကန်မထုတ်မီ (သို့မဟုတ်) ခြေချော် လက်ချော် အလုပ်များ မလုပ်ကြ သေးမီ ကိုယ့်ဘက်က (လူသားများ ဘက်က) လက်ဦးမှု ရအောင် လုပ်ကိုင် နေကြသည်ဟု ယုံကြည်ကြောင်း ရှင်းပြသည်။

သံစက်ရုပ် များတွင် တပ်ဆင် ပေးထားသော အာရုံခံစနစ် များသည် လူသားတို့ ဦးနှောက်ထက် လျင်မြန်စွာ ဆုံးဖြတ်နိုင်စွမ်း ရှိတော့မည် ဖြစ်ကြောင်း၊ ၄င်းတို့က လူသားတို့၏ စီးပွားရေး ၊ ငွေကြေး ဈေးကွက်၊ သယ်ယူ ပို့ဆောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် အခြားသော လုပ်ငန်းများကို လွှမ်းမိုးချုပ်ကိုင် သွားကြတော့ မည်ဟု ဒေါက်တာ အန်စရောင်း က ယုံကြည် နေကြောင်း ဆက်လက် ရှင်းပြသည်။

Google လုပ်ငန်းကြီးက AI (ARTIFICIAL INTELLIGENCE) " AI TEHICS BOARD " အဖွဲ့ ဖွဲ့စည်းသွားပြီး သံစက်ရုပ် များ၏ စွမ်းရည်ကို ထိန်းချုပ် ကိုင်တွယ် သွားရန် လုပ်ကိုင်နေသည်။ Google လုပ်ငန်းကြီးက သံစက်ရုပ် လုပ်ငန်း များစွာကို ဝယ်ယူ ထားလိုက်ပြီး ၄င်းတို့ထဲတွင် သံစက်ရုပ် လုပ်ငန်းများတွင် ထင်ရှား သော Deep Mind သံစက်ရုပ် လုပ်ငန်းများ ပါဝင်ခဲ့သည်။ ဤ လုပ်ငန်းကြီးသည် ဆော့ဝဲလ်များစွာ ကိုထည့်သွင်းပြီး လူသားကဲ့သို့ တွေးတော နိုင်သော သံစက်ရုပ်များ ထုတ်လုပ်နေသော လုပ်ငန်းကြီး ဖြစ်သည်။

Google လုပ်ငန်းကြီးကို တည်ထောင်သူ တစ်ဦးက သံစက်ရုပ် များသည် ယခု ရာစုနှစ် အတွက် လူသားများကို အန္တရာယ် ပေးရာ၌ နံပါတ်တစ် နေရာတွင် ရောက်နေကြပြီဟု သတိပေး ထားသည်။ ထို့နောက် ၄င်းက လူသားများ မျိုးပြုတ်ကုန်အောင် သံစက်ရုပ်တို့မှာ လုပ်နိုင်စွမ်း ရှိကြောင်း ယုံကြည်သည်ဟု ပြောပြသည်။ Deep Mind သံစက်ရုပ် လုပ်ငန်းကြီးကို တည်ထောင်သူ တစ်ဦးဖြစ်သည့် အာရုံကြော ဆိုင်ရာ သိပံ္ပပညာရှင် ဒန်မစ် ဟက်ဆာဘီ က ''သံစက်ရုပ် တွေဟာ ဘာလုပ်လုပ် လူသားတွေထက် သိပ်ကို မြန်ဆန်တဲ့ အရှိန် ရှိကြတယ်။ ဒါကြောင့် လာမယ့်နှစ်ပေါင်း ၁ဝဝ အတွင်း သူတို့ဟာ လူသားတွေ အပေါ် လွှမ်းမိုး သွားနိုင်ပါတယ် '' ဟု သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment