Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

ကွာရှင်းပြီး တစ်ပတ် အကြာမှာ Ben Affleck အသစ်ရနေပြီလား





ဟောလီးဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Ben Affleck နဲ့ Jennifer Garner တို့လင်မယား ကွာရှင်းအပြီးမှာပဲ Ben Affleck က သူပါဝင်သရုပ်ဆောင်နေတဲ့ "Suicide Squad" ဇာတ်လမ်းထဲက တွဲဖက်သရုပ်ဆောင် Margot Robbie နဲ့ တွဲနေပြန်တယ်လို့ ကောလာဟလ တွေက ဆိုကြပြန်ပါတယ်။

Woman's Day သတင်းဌာနရဲ့ ဖော်ပြချက်အရ သူတို့ ၂ ဦးဟာ လက်ရှိ အတူတကွ ရိုက်ကူးနေတဲ့ Suicide Squad ဇာတ်လမ်း အတွက် ပိုမိုနီးနီးကပ်ကပ် ရှိနေဖြစ်ခဲ့ပြီး သူငယ်ချင်းထက်ပိုတဲ့အဆင့် ကို ရောက်လာခဲ့တယ်လို့ ဆိုထားပါတယ်။

သူတို့ ၂ ဦး နဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့တာတော့ "Ben က Margot ကို The Wolf of Wall Street ဇာတ်လမ်းထဲမှာ တွေ့ပြီးကတည်းက ကြွေနေတာပါ။ Margot ဟာ ဟောလီးဝုဒ်မှာ လက်ရှိ Sexy အဖြစ်ဆုံး အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့လည်း Ben က လက်ခံထားပါတယ်" တဲ့။

အသက် ၄၂ နှစ်ရှိနေပြီဖြစ်တဲ့ Ben Affleck ကတော့ ဒီသတင်းတွေကို ငြင်းဆိုလိုက်ပြီး Margot နဲ့ ရံဖန်ရံခါ ပဲ ဆုံဖြစ်တယ်လို့ ဆိုထားပါတယ်။ အသက် ၂၅ နှစ်သာ ရှိသေးတဲ့ သြစတြေးလျ သရုပ်ဆောင် Margot ဟာ ဗြိတိန် လက်ထောက် ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Tom Ackerley နဲ့ တစ်နှစ်ကျော် တွဲခဲ့ပါတယ်။ အခုလည်း Ackerley က Margot ရဲ့ Suicide Squad ရိုက်ကွင်းမှာ ရောက်ရှိနေတာကိုတွေ့ရပြန်ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကပဲ Jennifer Garner နဲ့ ကွာရှင်းလိုက်တဲ့ Ben Affleck ဟာ ရည်းစားဟောင်း Jennifer Lopez နဲ့ ဇာတ်လမ်းတွေရှုပ်ခဲ့တာကြောင်း အိမ်ထောင်ရေး ကွာရှင်းပေးလိုက်ရတယ်လို့ တစ်ချို့ဆိုကြပါတယ်။ တစ်ချို့ကတော့ Ben နဲ့ Jennifer Garner နဲ့ ကွာရှင်းလိုက်ကြတာဟာ Ben ရဲ့ လောင်းကစား နဲ့ အရက်သောက်တဲ့ အကျင့်တွေကြောင့်ဖြစ်တယ်လို့ ဆိုနေကြတုန်းပါ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment