Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 3, 2015

တစ်နာရီလုပ်ခ ၃၈ဒေါ်လာနဲ့ တစ်နှစ်ကို ဒေါ်လာ ၇၃၀၀၀ ၀င်ငွေရှိတဲ့ Apple အလုပ်သင်များ


ဒီနှစ်နွေရာသီ Apple မှာအလုပ်သင် ၀င်လုပ်ခဲ့တဲ့ ကောလိပ်ကျောင်းသားတွေဟာ ဘွဲ့ရပြီး ပထမဆုံးအလုပ်
ကို ၀င်လုပ်တာထက် ၀င်ငွေပိုရရှိခဲ့ပါတယ်။

တစ်နာရီ လုပ်ခ ၃၈ဒေါ်လာနဲ့ တစ်လလုပ်ခ ပျမ်းမျှ ဒေါ်လာ ၆၀၈၀ ထိပေးကြောင်း Brad အမည်ရှိ အလုပ်သင်ဟောင်း တစ်ဦးက ပြောပြခဲ့ပါတယ်။ Apple အလုပ်သင်တစ်ဦးဟာ ဒီနှုန်းနဲ့ တစ်နှစ်သာလုပ်ခဲ့မယ်ဆိုရင် ကန်ဒေါ်လာ ၇၃၀၀၀ 
ရရှိမှာပါ။

ဒါတောင်မှ အချိန်ပိုကြေးတွေ မပါသေးပါဘူး။ အလုပ်သင်တစ်ဦးဟာ တစ်ပတ်အလုပ်ချိန် နာရီ၄၀ ကျော်မယ်
ဆိုရင် အလုပ်ချိန်တစ်နာရီတိုင်းအတွက် လုပ်ခ တစ်ဆခွဲစီပိုရရှိမယ့် time and a half လုပ်ခကို ခံစားခွင့်ရဦး
မှာ ဖြစ်ပါတယ်။

အလုပ်သင်တွေဟာ အခြားသောအလုပ်သင်တွေနဲ့ ဝေမျှတိုက်ခွဲတွေမှာ နေမယ်လို့ သဘောတူတယ်ဆိုရင် 
Apple အိမ်ယာမှာ နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး မနေဘူးဆိုသူများအတွက်လည်း တစ်လကို အိမ်ငှားခ ကန်ဒေါ်
လာ ၁၀၀၀ ပေးပါတယ်။

ဒါတောင်မှ အလုပ်သင်တွေကို လေယာဉ်၊ သင်္ဘောစတာတွေနဲ့ နေရာထိုင်ခင်း ပြောင်းရွှေ့ကြေး ကန်ဒေါ်လာ ၃၃၀၀ ကို မဖော်ပြရသေးပါဘူး။

ဒါတွေအားလုံးဟာ အလုပ်သင်တစ်ယောက်အတွက်ပါပဲ။ Apple ရဲ့ ၀န်ထမ်းတွေဟာ ထူးထူးခြားခြား 
သစ္စာရှိရှိနဲ့ အလုပ်မြဲကြတာကိုတွေ့ရပြီး ၀န်းထမ်းတော်တော်များများဟာ နှစ်ပေါင်း ၂၅နှစ်ကနေ ၃၅နှစ်အထိ
 နေကြတယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment