Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 7, 2015

ဟောလီးဝုဒ် ဂန္တ၀င် မင်းသမီး Amanda Peterson ကွယ်လွန်


အမေရိကန် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Amanda Peterson ဟာ ကွယ်လွန်သွားရှာ ပြီလို့
သိရပါတယ်။

Can't Buy Me Love ဇာတ်လမ်းရဲ့ ကြယ်ပွင့် Amanda Peterson ဟာ ကော်လိုရာဒို ပြည်နယ် ၊ ဂရီးလေး မြို့ က နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ TMZ သတင်းတွေက ဖော်ပြထားပါတယ်။

သူမရဲ့ မိသားစုဝင်တွေကတော့ အသက် ၄၃ နှစ်ရှိနေပြီဖြစ်တဲ့ Amanda ရဲ့ သတင်းတွေ ဇူလိုင် ၃ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ TMZ သတင်းဌာနက သူမရဲ့ ဖခင်ဖြစ်သူနဲ့ လည်း စကားပြောခဲ့ပြီးဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။

သူမ ရဲ့ သေဆုံးရခြင်း အကြောင်းအရင်းကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် သူမရဲ့ ဖခင်ကတော့ "ကျွန်တော့်သမီးမှာ ရောဂါတစ်ချို့ရှိပါတယ်။ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ရောဂါ တစ်ခုလည်း ဖြစ်နေပြီး အဲဒါက သူမကို အခြေအနေဆိုးစေခဲ့တာ ဖြစ်မယ်" လို့ ပြောပါတယ်။

Amanda Peterson ဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Can't Buy Me Love ဆိုတဲ့ ဇာတ်လမ်းကြောင့် စတင် နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။ ထို ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်တဲ့ Ronald Miller က ပန်းပွားအက အဖွဲ့ ခေါင်းဆောင် Amanda ကို ပိုးပန်းတဲ့ ကဗျာဆန်ဆန် လူငယ် ဟာသ ကားလေးပဲဖြစ်ပါတယ်။

ထိုဇာတ်လမ်းကိုတော့ ဒါရိုက်တာ Steve Rash က ရိုက်ကူးခဲ့ပြီး Beatles အဖွဲ့ရဲ့ သီချင်းနာမည်ကို ဇာတ်လမ်း နာမည်အဖြစ် ပြန်လည် ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Amanda ဟာ ၁၉၉၄ ခုနှစ်မှာ Windrunner ဆိုတဲ့ ရုပ်ရှင်ကို နောက်ဆုံး ရိုက်ကူးခဲ့ပြီး ကော်လိုရာဒို ပြည်နယ်သို့ ပြောင်းရွှေ့သွားကာ သရုပ်ဆောင် အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment