Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 19, 2015

Wikipedia ရဲ့ ပုံနှိပ်ဗားရှင်း ကို ဒေါ်လာ ၅ သိန်း နဲ့ ရောင်းမည်

အွန်လိုင်း စွယ်စုံ ကျမ်း တစ်ခုဖြစ်တဲ့ Wikipedia ရဲ့ ပုံနှိပ် ဖော်ပြထားတဲ့ ဗားရှင်း တစ်ခုကို ဒေါ်လာ ၅၀၀၀၀၀ နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

အကြောင်းအရာပေါင်း ၁၁.၅ သန်း ပါဝင်တဲ့ ထို ဧရာမ စာအုပ်ဟာ  ပုံနှိပ်ဖော်ပြနိုင်ဖို့အတွက် 11GB ပမာဏ ရှိတဲ့ ဒစ်ဂျစ်တယ် ဖိုင်တွေကို စုစည်းခဲ့ရပါတယ်။

ထိုစာအုပ်ကိုတော့ Wikipedia ရဲ့ အယ်ဒီတာ တစ်ယောက်ဖြစ်တဲ့ Michael Mandiberg က ဖန်တီး ခဲ့တာ ဖြစ်ပြီး နယူးယော့ခ်မြို့က Denny ပြခန်းမှာ ကျင်းပတဲ့ ပြပွဲ တစ်ခုမှာ ခင်ကျင်းရောင်းချနိုင်ဖို့အတွက် အွန်လိုင်း ဆိုက် ကို ပုံနှိပ်စာအုပ်တစ်ခုအပြင် ပြောင်းလဲနိုင်မယ့် ဆော့ဝဲလ်ကိုလည်း Michael Mandiberg က ပဲ တီထွင်ခဲ့တာဖြစ်ပါတယ်။ ထို စာအုပ်မှာတော့ စာမျက်နှာပေါင်း ၅ သန်းကျော်ပါဝင်မယ် လို့ သိရပါတယ်။

"wikipedia ရဲ့ အကြောင်းအရာတွေ ကို ပိုပြီးစိတ်ဝင်စားလာအောင် နဲ့ သုတစွယ်စုံကျမ်းတစ်ခုကို စာအုပ်
တစ်ခုအသွင်ပြောင်းဖို့ မဖြစ်နိုင်တာကိုကောလုပ်ပြခဲ့တာဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ရောင်းပြီးတိုင်း နောက်ထပ်ဝယ်လို့မရနိုင်တော့ပါဘူး ၊ ကုန်သွားပါပြီ" လို့ Mandiberg က ဆိုပါတယ်။

ထို ဧရာမစာအုပ်ကိုတော့ စာအုပ်တွေရောင်းချတဲ့ ၀က်ဘ်ဆိုက်ဖြစ်တဲ့ Lulu.com ကတစ်ဆင့် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ထို စာအုပ်ကို ၀က်ဘ်ဆိုက်ပေါ်တင်နေတဲ့ ကြာချိန်က ၂ ပတ်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒေါ်လာ တစ်သန်း ရဲ့ တစ်ဝက် ရှိတဲ့ ငွေကြေးပမာဏ ကို သုံးစွဲနိုင်မယ်ဆိုရင်တော့ စာအုပ်ပေါင်း ၇၅၀၀ တွဲထားတဲ့ သုတစွယ်စုံကျမ်း စာအုပ်ကြီးကို ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ် အိမ်မှာ ပုံနှိပ်ကြည့်မယ်ဆိုရင်တောင် စာရွက်ဖိုးနဲ့တင် စတာလင်ပေါင် ၅၀၀၀၀ လောက်ကျသင့်နေမှာ ဖြစ်ပါတယ်။

အကယ်၍ သင်ဟာ စာအုပ်ပေါင်း ၇၅၀၀ လုံးကို ၀ယ်ယူဖို့မတတ်နိုင်ပဲ တစ်အုပ်ချင်းသာ ၀ယ်ယူချင်တယ်ဆိုရင်တော့ ထို ၀က်ဘ်ဆိုက်မှာပဲ တစ်အုပ်ကို ဒေါ်လာ ၈၀ နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment