Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 14, 2015

Snowden စာတွေကြောင့် ဗြိတိသျှ သူလျှိုတွေ နေရာပြောင်းရွှေ့


အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း Edward Shnowden
ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်ထောက်လှမ်းရေးဝန်ထမ်းဟောင်း Edward Shnowden ဆီက သင်္ကေတသုံး ထိပ်တန်း လျှို့ဝှက်စာရွက်စာတမ်းတွေကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဖော်လိုက်နိုင်ခဲ့တဲ့အတွက် သဘောထားတင်းမာတဲ့နိုင်ငံတွေကဗြိတိသျှအစိုးရရဲ့သူလျှိုတွေကို နေရာပြောင်းရွှေ့ခဲ့ရတယ်လို့ ဗြိတိန်ထိပ်တန်းသတင်းစာတစောင်ကဖော်ပြပါတယ်။
Snowden အမေရိကန်နိုင်ငံကထွက်ပြေးသွားတုန်း ခိုးယူသွားခဲ့တဲ့ လျှို့ဝှက်သင်္ကေတသုံး စာတမ်းပေါင်း တစ်သန်းကျော်ကို ရုရှားတို့က ဖော်သွားနိုင်ခဲ့ပြီး တဲ့နောက် အခုလို သူလျှိုတွေကိုရွှေ့ပြောင်းလိုက်ရတာလို့ The Sunday Times သတင်းစာကပြောပါတယ်။ ရုရှားသမ္မတ Vladimir Putin က Snowden ကို သိပ်မကြာခင်မှာပဲ ယာယီနိုင်ငံရေးခိုလှုံခွင့်ပေးလိုက်ပြီး ရုရှားပြည်တွင်းလွပ်လပ်စွာသွားလာနိုင်တဲ့ နေထိုင်ခွင့်ပါမစ်ကိုပါ နောက်ပိုင်းမှာ ချပေးလိုက် တာပါ။
လျှို့ဝှက်စာတမ်းတွေကို အခုလိုဖော်သွားနိုင်တဲ့အတွက် သူလျှိုတွေရဲ့လုပ်ပုံကိုင်ပုံတွေ သိသွားကြတာကြောင့် သူတို့ကိုနေရာပြောင်းရွှေ့လိုက်ရတာဖြစ်ပြီး သိပ်အရေးကြီးတဲ့သတင်းတွေရဖို့ မဖြစ်နိုင်တော့ဘူးလို့ ဗြိတိန်ဝန်ကြီးချုပ်ရုံးကရတဲ့သတင်းရင်းမြစ်ကိုကိုးကားပြီး The Times သတင်းစာကဖော်ပြပါတယ်။
ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်ရုံးကတော့ အန္တာရာယ်ကျရောက်တဲ့ဘယ်လိုအဖြစ်အပျက်မျိုးမှ မတွေ့ရဘူးဆိုတဲ့ပြောဆိုချက်ကိုလည်း တဆက်တည်း ဖော်ပြ ထားတာပါ။ တရုတ်နိုင်ငံကလည်း အနောက်နိုင်ငံတွေရဲ့ သူလျှိုလုပ်ငန်းနဲ့ပတ်သက်လို့ ဘယ်လိုနည်လမ်းမျိုးတွေနဲ့ လုပ်ကိုင်နေသလဲဆိုတဲ့ အချက် အလက်တွေ ရသွားတယ်လို့ အခြားအစိုးရသတင်းရင်းမြစ်တွေအရ The Times သတင်းစာက ဖော်ပြသွားပါတယ်။
အမေရိကန်နဲ့ ဗြိတိန်အစိုးရဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ ဘယ်လိုမှတ်ချက်မျိုးမှ မပြောသေးပါဘူး။
http://burmese.voanews.com/content/russia-china-crack-encrypted-snowden-files-/2821312.html

No comments:

Post a Comment