Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 4, 2015

Selfie Selfie သေတတ်သည်


Touch Screen ဖုန်းများဈေးကွက် အတွင်းပေါများစွာ ပေါ်ထွက် လာသည်နှင့် အမျှ အဆိုပါ ဖုန်းများ တွင်ပါရှိသည့် ကင်မရာကို လွဲမှားစွာ အသုံးပြုလာ သူများ ရှိလာကြ သည်။ သူသူ ကိုယ်ကိုယ် ဓာတ်ပုံ ရိုက်ခြင်းအား ဝါသနာ ပါသည်ကို အပြစ်ပြော၍ မရသော်လည်း အ ချို့ကမူ ဝါသနာထက် သူတစ်ပါး ကို အံ့သြအောင် လုပ်ချင်ကြ သည့် အခါ ဆယ်လ်ဖီ ဟုခေါ်သော ကိုယ့်ပုံ ကိုယ်ပြန်ရိုက်ခြင်းက ကိုယ့်သေတွင်း ကိုယ်တူး သလိုဖြစ်လာခဲ့သည်။
မကြာသေးသော မေလ ၂၄ ရက်နေ့က သတင်း တစ်ပုဒ်တွင် အသက် ၂၁ နှစ် အရွယ် ရုံးအလုပ်သမလေး တစ်ဦးသည် ပစ္စတိုသေနတ်တစ်လက် အားသူမ၏ နားထင် တွင် ချိန်လျက် ဆယ်လ်ဖီပုံ ရိုက်နေခဲ့ရာ မှသေနတ်မောင်း အားဆွဲမိခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသကဲ့သို့ ဖြစ်ခဲ့ရသည်ကို ရုရှားအခြေစိုက် သတင်းဌာန တစ်ခု တွင် ဖော်ပြ ထားသည်ကို တွေ့ရှိရ သည်။
အဆိုပါ မိန်းကလေးမှာ မော်စကိုမြို့ရှိ ဆေးရုံ တစ်ခုတွင် တက်ရောက်ကာ ဆေးကုသမှု ခံယူခဲ့ပြီး ရဲများကလည်း သူမ၏ သေနတ်ကိုင်ပုံ ကိုင်နည်း ကို ပြန်လည် ဆန်း စစ် လေ့လာနေကြောင်း ဖော်ပြထားခဲ့သည်။
ထို့အပြင် သေနတ် ပိုင်ရှင်ဖြစ်သူမှာလည်း လက်နက်အား အမှတ်တမဲ့ ထားရှိမှုဖြင့် ထောင်ဒဏ်ခြောက်လ ကျခံခဲ့ရသည့် အတွက် ဘုန်းကြီး အမှုရွာ ပတ်သော ကိစ္စကဲ့ သို့ ဖြစ်သွားခဲ့ရသည်။
အဆိုပါ အဖြစ်အပျက် မတိုင် မီလွန်ခဲ့သည့် ၂ဝ၁၄ ခုနှစ် ကလည်း မက္ကဆီကန် နိုင်ငံသား တစ်ဦးသည် ဆယ်လ်ဖီ ရိုက်ရင်းနှင့်ပင် သေနတ် မှန်၍ သေဆုံးခဲ့မှု တစ်ခု မက္ကဆီ ကို မြို့ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သေး သည်။
ထိုနေ့က အော်စကာ အိုတီယို အဂွီလာဟု အမည်ရသည့် အသက် ၂၁ နှစ် အရွယ် လူငယ်သည် သူငယ်ချင်း နှစ်ဦးနှင့် ဝိုင်းဖွဲ့ စားသောက် နေခဲ့သည်။ ထို့နောက် သေနတ်သံတစ်ချက် ပေါ်ထွက်လာသည်ကို အိမ်နီးချင်းဖြစ်သူ က ကြားခဲ့ပြီး တစ်စုံတစ်ဦး၏ စူးစူးဝါးဝါး အော်ဟစ်လိုက်သံ ကိုလည်း ကြားခဲ့သည်။ ဟုဆို သည်။ ထိုအဖြစ် အပျက်များ ကြောင့် အိမ်နီးချင်း ဖြစ်သူက ရဲဌာန ကို ဖုန်းဆက် အကြောင်းကြားလိုက် ၍ ရဲများရောက်ရှိလာကြသည်။
”ရဲတွေရောက်စ ကတော့ အသက်ရှိသေးတယ်” ဟု အိမ်နီးချင်း ဖြစ်သူ မန်ဖရက်ဒို ကဆိုသည်။ ယင်းမတော်တဆမှုကြောင့် အော်စကာ မှာသေဆုံးခဲ့ ရပြီး အော်စကာ ၏ သူငယ်ချင်း တစ်ယောက်အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ သော်လည်း တစ်ယောက် မှာမူ ထွက်ပြေးသွားခဲ့ သည်။
”အဲဒီဆယ်လ်ဖီကို ရိုက်ပြီး ဖေ့စ်ဘွတ်ခ်တင်ဖို့ သူတို့ လုပ်ကြတာ”ဟု မက္ကဆီကိုမှ ဝန်ကြီးဌာနတစ်ခုက တင်ပြအစီရင်ခံခဲ့သည် ကို တွေ့ရှိရသည်။
ဆယ်လ်ဖီက လူသားတွေကို အသက် ဆုံးရှုံးစေခဲ့ကြောင်း နောက်ထပ် ဖြစ်ရပ်တစ်ခု ကလည်း သက် သေခံနေပြန်သည်။ စင်ကာပူနိုင်ငံသား တစ်ဦးဖြစ်သည့် မိုဟာမက် အက်စ်လန်ရှာဟူ ဆိုသူမှာ အားလပ်ရက် အတွင်း သူငယ်ချင်း ရှစ်ဦးနှင့်အတူ ဘာလီကျွန်းသို့ အလည် သွားရောက်ခဲ့သည်။ ဘာလီကျွန်းရှိ Sandy Bay ကမ်းခြေသို့ အလည် သွားခဲ့သူ မိုဟာမက်သည် သူ၏ နေရပ်အိမ်သို့ ရှင်လျက်နှင့် ပြန်မလာနိုင်ခဲ့ပေ။ အကြောင်းမှာ တောင်ကုန်း ထိပ်ပေါ်တွင်ရပ်၍ ဆယ်လ်ဖီ ရိုက်ရန် ကြိုးစားရာမှ ဟန်ချက် ပျက်ပြီး တောင်ပေါ်မှပြုတ် ကျကာ သေဆုံးခဲ့သောကြောင့် ဖြစ် သည်။
အဆိုပါ မိုဟာမက်ဆိုသူမှာ လည်း အသက် ၂၁ နှစ်ပင်ရှိကြောင်း တိုက်ဆိုင်စွာ တွေ့ရှိရပြန်သည်။
ထို့ကြောင့် ပျိုပျို၊ အိုအို၊ ကျားဆယ်လ်ဖီကပင် များလှစွာသော သေမှုသေခင်းများဆီသို့ ခေါ် ဆောင်သွားနိုင်ကြောင်း သတိချပ်သင့်ပေသည်။
KTZO
Popular Myanmar

No comments:

Post a Comment