အစွန်းရောက်အကြမ်းဖက် ISIS ရဲ့အဖွဲ့ဝင်တစ်ဦးဟာ တပ်ဖွဲ့ရုံးချုပ်ရှေ့မှာ Selfie ရိုက်ပြီး တွစ်တာပေါ် တင်လိုက်တာကြောင့် အမေရိကန်လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။ အကြမ်းဖက် သမားရဲ့ Selfie ဓါတ်ပုံ တက်လာပြီး ၁၂ နာရီအကြာမှာ အမေရိကန်လေတပ်က ISIS ရုံးချုပ်ရှိတဲ့နေရာလို့ ယူဆရတဲ့ နေရာကိုဗုံးကြဲတိုက်ခိုက်လိုက်တာဖြစ်ပါတယ်။
ဥာဏ်ပြေးပုံမရတဲ့ အကြမ်းဖက်သမားတင်လိုက်တဲ့ ဓါတ်ပုံမှာ သူတို့ဌာနချုပ်ရဲ့ တည်နေရာပါဝင်သွားခဲ့ပါတယ်။ ဓါတ်ပုံက လူမှုကွန်ယက်ပေါ် တက်လာတဲ့အချိန်မှာ အမေရိကန်လေတပ်က သတင်းရသွားခဲ့ပြီး တည်နေရာကို မြေပုံနဲ့တကွစစ်ဆေးကာ စစ်ဆင်ရေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကို အကောင်းဆုံးဖြေရှင်းပြီး အစီအစဉ်တကျ လုပ်နိုင်ခဲ့တာ မယုံနိုင်စရာပဲလို့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့သူလေသူရဲတစ်ဦးက ပြောပါတယ်။
အစွန်းရောက်အကြမ်းဖက်သမားတွေဖြစ်တဲ့ ISIS အဖွဲ့ဝင်တွေဟာ
လူသစ်စုဆောင်းမှုတွေနဲ့ ဝါဒဖြန့်မှုတွေ ပြုလုပ်ဖို့အတွက် တွစ်တာလို့
လူမှုကွန်ယက်တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးချကြပါတယ်။
Ref - nydaily
Planet Myanmar Network
Ref - nydaily
Planet Myanmar Network
No comments:
Post a Comment