Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

မိချောင်းကိုစီးပြီး ချောင်းဖြတ်ကူးတဲ့ သတ္တိခဲ raccoon


တောရိုင်းတိရိစ္ဆာတွေထဲမှာ မိချောင်းဆိုတာ အားလုံးကြောက်ရတဲ့ အသားစားသတ္တဝါဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကနို့တိုက်သတ္တဝါတစ်မျိုးဖြစ်တဲ့ raccoon လေးတစ်ကောင်က မိချောင်းကျောကုန်းပေါ်တက်စီးပြီး ချောင်းကိုကူးဖြတ်သွားတဲ့ဓါတ်ပုံကို ခရီးသွားဧည့်သည်တစ်ဦးက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။


Richard Jones ဆိုသူအမျိုးသားက မိသားစုနဲ့အတူ အိုကာလာအမျိုးသားဥယျာဉ်ထဲမှာ လမ်းလျှောက်နေတုန်း ဒီမြင်ကွင်းကိုတွေ့လိုက်ရတာဖြစ်ပါတယ်။ ရေပေါ်မှာ ငြိမ်သက်စွာသွားနေရတဲ့ မိချောင်းကျောကုန်းပေါ်မှာ raccoon တစ်ကောင်က ကြောက်ရွံ့ခြင်းကင်းမဲ့စွာ စီးနင်းလိုက်ပါနေတာဖြစ်ပါတယ်။ အဲဒီဓါတ်ပုံကို Richard Jones ကအင်တာနက်ပေါ်တင်လိုက်ပြီးတဲ့နောက် ချက်ခြင်းပဲရေပန်းစားတဲ့ဓါတ်ပုံဖြစ်လာခဲ့ပါတယ်။


အချိန်မှန်နေရာမှန် ရောက်လာတဲ့အချိန်မှာ ဒီဓါတ်ပုံကို ကံကောင်းစွာနဲ့ရိုက်ကူးနိုင်ခဲ့တာဖြစ်ကြောင်း အဆိုပါ အမျိုးသားကပြောပါတယ်။ အစာအတွက် သတ္တဝါအတော်များများကို ချမ်းသာပေးလေ့မရှိတဲ့ မိချောင်းရဲ့ 
အပြုမူကလည်း ထူးခြားနေပါတယ်။

planet myanmar

No comments:

Post a Comment