ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်မြန်မာ အနာဂတ်ဆက်ဆံရေးတွင် အဓိက အကျဆုံး ပြုပြင်ပြောင်းနိုင်သူ တစ်ဦးဖြစ်လာဖွယ်ရှိသည်ဟု တရုတ် ကွန်မြူ နစ်ပါတီမှ ထုတ်ဝေသည့် People’s Daily သတင်းစာက ရေးသား ခဲ့သည်။
တရုတ်ပြည်သူ့နေစဉ်သတင်းစာက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ ပြည်တွင်း သာမက၊ နိုင်ငံတကာ အသိုင်းအ၀န်းတွင်ပါ နာမည်ကျော်ကြားသူ ဖြစ်ပြီး ယခုအခါ အသက် ၇၀ ရှိပြီဖြစ်သော်လည်း ကမ္ဘာတစ်ဝှမ်းသို့ အလည်အပတ် သွားရောက်ခဲ့ပြီး ၎င်းနိုင်ငံများရှိ အဆင့်မြင့် နိုင်ငံရေး သမားများက သူမအား ထောက်ခံကြောင်း ရေးသား ခဲ့သည်။ မြန်မာနိုင်ငံနှင့် ဆက်နွယ်နေသည့် ပြည်တွင်း ပြည်ပ ပြဿနာများစွာကို အဆုံးသတ်စေမည့် အခွင့်အလမ်းအဖြစ် အနောက်နိုင်ငံများက သူမအား ရှုမြင်လျက်ရှိသည်ဟု ဒေါဝေ့သတင်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးတွင် ဘေဂျင်းအစိုးရက မြင်မြင်ထင်ထင် ပြုလုပ်မှု နည်းပါးသည်။
သူမနှင့် NLD ပါတီအား ဆက်ဆံရာတွင်မူ မြန်မာဆိုင်ရာ တရုတ်သံအမတ် က ရှေ့တန်းတွင် ပါဝင်နေပါသည်။
တရုတ်နိုင်ငံ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံ မည်ဖြစ်ပြီး ၎င်းတို့နှင့် အမြင်များ တိုက်ရိုက်ဖလှယ်မည်ဟု သိရသည်။
ဦးသိန်းစိန်အစိုးရအပေါ် ဘေကျင်းက ဆက်ဆံခဲ့သည့်နည်းတူ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ဆက်ဆံရေး တည်ဆောက်ခြင်းသည်လည်း အနာဂတ်တွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးအတွက် အရေးပါဖွယ်ရှိသည်ဟု ဆိုသည်။
ယခုနှစ်အတွင်းတွင် မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်ရာ လက်ရှိ ရာထူးရယူထားသည့် သမ္မတ ဦးသိန်းစိန် က ထပ်မံ အရွေးကောက်ခံနိုင်ရန် မျှော်လင့်ထားသည်။ လိမ္မာပါးနပ်သည့် သမ္မတတစ်ယောက်အဖြစ် ဦးသိန်းစိန်သည် နိုင်ငံတကာ စင်မြင့်ထက်တွင် တက်ကြွစွာပေါ်ပေါက်လာခဲ့သည်။
လက်ရှိအစိုးရ သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုရှိရေး
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး စတင်ရရှိချိန်ကတည်း က မြန်မာနိုင်ငံတွင် လူမျိုးစု လက်နက်ကိုင်တပ် အများအပြား ရှိနေခဲ့ပါသည်။ ၂၀၁၁ ခုနှစ် မတ်လတွင် ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲများပြုလုပ်ကာ ငြိမ်းချမ်းရေး စကားပွဲများ ဆောင်ရွက်ခဲ့ပြီး အလွတ်သဘော အပစ်ရပ် အခြေအနေများ လုပ်ဆောင်ခဲ့သော်လည်း ပဋိပက္ခများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။
တရားဝင်ပြည်တွင်း အပစ်အခတ်ရပ်ဆဲရေး သဘောတူညီချက် လက်မှတ် မရေးထိုးနိုင်ခြင်း၊ လက်နက်ကိုင် အုပ်စုများနှင့် ဆွေးနွေးရန် မြန်မာ အစိုးရက ငြင်းဆန်ခြင်းတို့ကြောင့် တိုင်းရင်းသား ပဋိပက္ခများ ပိုမို ဖြစ်ပွား လာခြေနှင့်အတူ ပဋိပက္ခများ ဆက်ရှိလာနိုင်ကြောင်း ဒေါဝေ့ သတင်းဌာနက ရေးသားလိုက်သည်။
၂၀၁၅ ခုနှစ်မတိုင်မီက ဘေကျင်း၏ မြန်မာဆိုင်ရာ အထူး ကိုယ်စားလှယ်က ယူနန်ပြည်နယ် ရွှေလီတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကိုယ်စားလှယ်များနှင့် နေပြည်တော် အဆင့်မြင့်အရာရှိတို့ အကြား ဆွေးနွေးပွဲများ ကျင်းပပေးခဲ့သည်။ သို့သော် နှစ်ဘက် ပါဝင်သူများ က မတည်ငြိမ်မှုများ ရှိနေသည့် မြန်မာ နိုင်ငံမြောက်ပိုင်းရှိ ပဋိပက္ခများ ပြေလည်အောင် မဆောင်ရွက်နိုင်ခဲ့ချေ။
တရုတ်မြန်မာ ဆက်ဆံရေး တင်းမာလာသည့်အခါ ဦးသိန်းစိန်အစိုးရ၏ တရုတ်အပေါ် ထားရှိသည့် သဘောထားပြောင်းလဲမှု ကြီးစွာ ရှိလာ သည် ဟု လေ့လာသူများက ဆိုသည်။ ပြည်တွင်း ပဋိပက္ခများတွင် ကြားဝင်ဆောင်ရွက်ပေးရန် တရုတ်၏ ကမ်းလှမ်းချက်များကို ပယ်ချလိုက်ပြီး တရုတ်မြန်မာ နယ်စပ် ကိုးကန့်ဒေသတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ တရုတ်နယ်စပ် လုံခြုံရေးကို စိုးရိမ်စရာဖြစ်စေခဲ့သည်။
တရုတ်ဘက်က သတိပေးမှုများ ပြုလုပ်ခဲ့သော်လည်း ထိရောက်မှု မရှိ သဖြင့် ဒေသတွင်း တည်ငြိမ်မှု ထိန်းသိမ်းရန် PLA တပ်မတော်က နယ်စပ်ဒေသတွင် ကျည်ဆန်အစစ်ဖြင့် ကြည်းလေ စစ်ရေး လေ့ကျင့်မှု တစ်ခု ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်မှုမှာ အနှစ် ၃၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ယူနန်ဒေသ တွင် ပြုလုပ်ခြင်း ဖြစ်သည်က အမေရိကန် အပါအ၀င် ဒေသတွင်း နိုင်ငံ များကို အံ့အားသင့်စေခဲ့သည်။
နယ်စပ်ဒေသ စစ်ရေးလေ့ကျင့်မှုကြောင့် နှစ်နိုင်ငံရှိ နယ်စပ်နေပြည်သူများ အား ကြောက်ရွံ့စေကြောင်း၊ အဆိုပါ စစ်ရေးလှုပ်ရှားမှုကို တရုတ်နိုင်ငံ က ပြန်လည် သုံးသပ်စေလိုကြောင်း ဇွန် ၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီး က ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးနှင့် သမ္မတ ပြောရေးဆိုခွင့်ရသူ ဦးရဲထွဋ် က ပြင်ပနိုင်ငံများက ဖိအားဖြင့် ခြိမ်းခြောက်၍ ရသည်မျိုး မြန်မာနိုင်ငံတွင် မည်သည့်အခါမှ မရှိ ခဲ့ကြောင်း ပြောဆိုလိုက်ရာ နှစ်နိုင်ငံကြား ဆက်ဆံရေး သိသိသာသာ မပြေလည်မှုသည် ၎င်းတို့၏ နိုင်ငံရေး ဟောပြောချက်များတွင် စတင်ပေါ်ပေါက် လာပြီဟု သုံးသပ်ရပါကြောင်း China Daily သတင်းစာ က ဖော်ပြခဲ့သည်။
မေလအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင်း ပဋိပက္ခ သည် ယူနန်ပြည်နယ်တွင်းသို့ ကြိမ်ဖန်များစွာ ရောက်ရှိခဲ့ရာ တရုတ်နိုင်ငံသားများ ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။ သို့သော် မြန်မာ အစိုးရတပ်များက ဒေသတွင်းတွင် တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေ ဆဲဖြစ်သည်ဟု China Daily သတင်းစာ က ဖော်ပြခဲ့သည်။
အနာဂတ် ဒေသဆိုင်ရာ အစီအစဉ်များတွင် အဆိုပါ ပဋိပက္ခဖြစ်နိုင်ခြေ များကို တရုတ်က ထည့်သွင်းစဉ်းစားလျက် ရှိသည်ဟု ဒေါဝေ့ သတင်း က ဖော်ပြသည်။ အန္ဒိယသမုဒ္ဒရာအထိ ဆက်သွယ်နိုင်မည့် တရုတ်ပြည်မက တည်ဆောက်နေသည့် လမ်းမကြီးတွင် မြန်မာက အရေးပါသော အစိတ်အပိုင်းဖြစ်နေသည်။
နယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုနှင့် ဒေါ်အောင်ဆန်းစုကြည်အား အလည်အပတ် ဖိတ်ခေါ်ခြင်းတို့သည် မြန်မာ ဗဟို အစိုးရအပေါ် ဖိအားပေးနိုင်ရန် စီစဉ်ထားသည့် နည်းလမ်းများ ဖြစ်နိုင်သည်ဟု ဒေါဝေ့က ဆိုပါသည်။
ဦးသိန်းစိန်ခေါင်းဆောင်သည်
တရုတ်နိုင်ငံအနေဖြင့် ရှည်လျားလှသည့် တရုတ်မြန်မာနယ်စပ်တလျောက် လုံခြုံရေး ငြိမ်းချမ်းရေးကို အထူးအလေးထား ဆောင်ရွက်ဖွယ်ရှိကြောင်း ဖော်ပြထားသည်။
Ref - People Daily
The Ladies News Journal
No comments:
Post a Comment