Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 7, 2015

ပြည်ခိုင်ဖြိုးပါတီဝင်များ၏ လုပ်ဆောင်ချက်တချို့အား ကြီးကြပ်ပေးရန်တောင်းဆိုမှုအား မရိုးမဖြောင့်ဆောင်ရွက်ပါက ကော်မရှင်အား တရားစွဲဆိုမည်ဟု NLD ပြော

Sunday, June 7, 2015
ပြည်ခိုင်ဖြိုးပါတီဝင်များ ၏ လုပ်ဆောင်ချက်တချို့အား ကြီးကြပ်ပေး ရန် တောင်းဆိုမှုအား မရိုးမဖြောင့်ဆောင် ရွက်ပါက ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်အား တရားစွဲဆိုသွားမည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်း ထွန်းဟိန်က ပြောသည်။
''ဒါကို ကော်မရှင်က ပေါ့လျော့ နေမယ်၊ လျစ်လျူရှုထားမယ်၊ မရိုးမဖြောင့် ဘူးဆိုရင် တရားစွဲလို့ရတာပေါ့''ဟု ဦးထွန်း ထွန်းဟိန်က ပြောသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ မွန်ပြည်နယ်ခရီးစဉ်တွင် ¤င်းဒေသရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ဒေါ်အောင်ဆန်း
စုကြည်၏ ဂုဏ်သိက္ခာထိခိုက်အောင် လုပ် ဆောင်ချက်များနှင့်ပတ်သက်၍
ပြည်ခိုင်ဖြိုး ပါတီ၏ လုပ်ဆောင်ချက်များကို ကြီးကြပ် ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို ထားခြင်း ဖြစ်သည်။
အိတ်ဖွင့်ပေးစာ၌ မေလက ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်တွင် မုဒုံမြို့နယ်၊ တော်ကူးတံခွန်ကျေး ရွာသားများဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီဝင် ကိုမြင့်ရှိန်၊ ကိုမြင့်သိန်း၊ ကိုဝင်းရွှေ၊ ကိုအေး မောင်တို့နှင့်အတူ ယင်းဒေသရှိ
ပြည်ခိုင် ဖြိုးပါတီဝင်များက ဒေါ်အောင်ဆန်းစုကြည် ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်၍ ဓာတ်ပုံများ ဖြန့်ခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့ပြုလုပ်ခြင်းသည် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆၊ အပိုဒ်ခွဲ(ဃ)ကို ဖောက်ဖျက်ခြင်းဖြစ်ပြီး ယင်း ဆောင်ရွက်မှုများကို ရွေးကောက်ပွဲ ကော် မရှင်က ကြီးကြပ်ပေးသင့်သည်ဟု အိတ် ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ထို့အပြင် မြို့နယ်နှင့် ကျေးရွာ တချို့တွင် ပြည်ခိုင်ဖြိုးရွာ၊ ပြည်ခိုင်ဖြိုးမြို့ ဟု ဆိုင်းဘုတ်များထောင်ထားခြင်းသည် မြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးမျာနှင့် သက်ဆိုင်သည်ဟု ဆိုသော်လည်း ပါတီတစ် ခု၏ ဆောင်ရွက်ချက်ဖြစ်သဖြင့် ရွေးကောက် ပွဲကော်မရှင်က ကြီးကြပ်ပေးရန် အိတ်ဖွင့်ပေး စာတွင် ထောက်ပြထားသည်။
''ဦးတို့က လူကြီးကိုတင်ထားတာ ပေါ့နော်။ ကော်မရှင်က ဘာလုပ်မလဲဆိုတာ ကိုလဲ စောင့်ကြည့်ရဦးမယ်''ဟု ဦးထွန်းထွန်း ဟိန်က ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီ၏ လုပ်ဆောင် မှုများကို ကြီးကြပ်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ တောင်းဆိုမှုနှင့် ပတ်သက် ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီဝင်၊ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ စိုးမိုးအောင်က ''သူတို့က ဒီပါတီ ဒီအစိုးရက ပဲ ဒီကော်မရှင်ကို ဖွဲ့ထားတာဆိုပြီး သင်္ကာ မကင်းဖြစ်နေတာပါ။ အပြစ်မြင်စရာတော့ မရှိပါဘူး။ ငါတို့လဲလိုရင် ကော်မရှင်ကို ဒီလို ပဲခိုင်းမှာပဲ''ဟု ဆိုသည်။
ထိုသို့ တင်ပြမှုကို ကော်မရှင်မှ ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်ပြီး
NLD ပါတီဝင်များက စိုးရိမ်ပူပန်မှုကြောင့် တင်ပြ ခြင်းဖြစ်သည်ဟု ဒေါက်တာစိုးမိုးအောင်က ဆက်ပြောသည်။
Yangon Media Group

No comments:

Post a Comment