Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

ပရိတ်သတ်တွေရဲ့ နှလုံးသားထဲမှာလည်း ထာဝရရှိနေဦးမယ့် My Heart Will Go On ဖန်တီးရှင်



ကမ္ဘာကျော်  Titanic ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ My Heart Will go on တေးသီချင်းကို ရေးစပ်ခဲ့သူ တေးရေးဆရာ ဂျိမ်းစ်ဟော်နာ ဟာ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ  လေယာဉ်ပျက်ကျလို့ သေဆုံး သွားခဲ့ပါပြီ။ သူသေဆုံးချိန်မှာ အသက် ၆၁ နှစ်ရှိပါပြီ။

ဂျိမ်းစ်ဟော်နာ တယောက်တည်း စီးနင်းလိုက်ပါသွားခဲ့တဲ့ ကိုယ်ပိုင် လေယာဉ်ငယ်ဟာ ကယ်လီဖိုးနီး   ယားပြည်နယ် မြောက်ပိုင်း Santa Barbara မြို့မှာ တနလာင်္နေ့ မနက်ပိုင်းလောက်က ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ကျွမ်းကျင်ယာဉ်မောင်းတဦးရဲ့ ပြောပြချက်အရ သိရတာပါ။

ဂျိမ်းစ်ဟော်နာဟာ Titanic ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ My Heart Will go on တေးသီချင်းနဲ့  အကောင်းဆုံးဇာတ်ဝင်တေး အကယ်ဒမီဆုကိုလည်း ရရှိထားခဲ့သူပါ။ ဒီတေးသီချင်းဟာ ကမ္ဘာကျော် တေးသီချင်းတပုဒ်ဖြစ်ခဲ့တာပါ။

ဂျိမ်းစ်ဟော်နာရဲ့ ကိုယ်ရေးအရာရှိတဦးဖြစ်သူ Sylvia Patrycja က သူတို့အတွက် မယုံနိုင်ဖွယ်ရာ အရည်အချင်းတွေနဲ့ ထူးခြားတဲ့ ပုဂ္ဂိုလ်တဦးကို ဆုံးရှုံးခဲ့ရလို့ အလွန်ဝမ်းနည်းကြေကွဲကြောင်း သူ့ရဲ့ ကိုယ်ပိုင်ဖေ့ဘုတ် စာမျက်နှာထက်မှာ မနေ့က ရေးသားခဲ့ပါတယ်။

သရုပ်ဆောင်နဲ့ ဒါရိုက်တာ ရွိုင်ဟောင်းဝပ် ကလည်း ဂျိမ်းစ်ဟော်နာ အခုလို လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့ရသလို  သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက်လည်း နာကျင်ခံစားရပါတယ် လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားထားတာပါ။

ဟော်နာဟာ Avatar၊ House of Sand and Fog၊ A Beautiful Mind၊ Apollo 13၊ Braveheart၊ Field of Dreams၊ An American Tail and Aliens  စတဲ့ ဇာတ်ကားတွေရဲ့ ဇာတ်ဝင်တေးတွေနဲ့လည်း အကယ်ဒမီ စကာတင်စာရင်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။

Titanic ရုပ်ရှင်ဇာတ်ကားကြီးဟာ မြန်မာနိုင်ငံမှာလည်း အလွန်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတကား ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းတခုဖြစ်တဲ့ သဘောင်္ထိပ်ဦးပိုင်းမှာ သရုပ်ဆောင် လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်တို့ နှစ်ဦး ပျော်ရွှင်ချစ်ကြည်နူးကြတဲ့ ဇာတ်ဝင်ခန်းဟာဆိုရင်လည်း လက်တွေ့ဘ၀ ချစ်သူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ဝင်ခန်းတခန်းလို့ ဆိုရမှာပါ။

အရမ်းကိုအောင်မြင်ခဲ့တဲ့ အဲ့ဒီ Titanic ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးတပုဒ်ဖြစ်တဲ့ My Heart Will Go On ဇာတ်ဝင်တေးကို မြန်မာမှုပြု ပြန်ဆိုတေးတွေဟာလည်း ပလူကိုပျံခဲ့တာပါ။

ဇာတ်ကားရဲ့ ပုံရိပ်တွေကို ပိုမိုကြွနေအောင် အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့တဲ့ အဲ့ဒီ တေးသီချင်းကို ကမ္ဘာကျော် အဆိုတော် Celine Dion က သီဆိုပေးခဲ့တာပါ။


ကိုးကားသတင်း။  ။ http://www.bbc.com/news/entertainment-arts-33235271
http://blog.irrawaddy.org/2015/06/my-heart-will-go-on.html

No comments:

Post a Comment