Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

Miss Universe Myeik 2015 ရွေးချယ်ပွဲ ဇူလိုင် ၂၅တွင် မြိတ်မြို့၌ ပြုလုပ်မည်


ရန်ကုန်၊ ဇွန် ၁၆ ။ ။ ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်မည့် Miss Universe Myanmar 2015 ပြိုင်ပွဲတွင် မြိတ်မြို့ကိုယ်စားပြု အဖြစ် ၀င်ရောက် ယှဉ်ပြိုင်နိုင်မည့် Miss Universe Myeik 2015 ရွေးချယ်ပွဲကို ဇူလိုင် ၂၅ရက်တွင် မြိတ်မြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
Miss Universe Myanmar 2015 ပြိုင်ပွဲ အတွက် ရန်ကုန်မြို့ အပြင် မြို့ကြီး ၁၃ မြို့တွင် City Director များခန့်အပ်ပြီး ထိုမြို့ ၁၃မြို့ မှ ကိုယ်စားပြု အလှမယ်များလည်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
Miss Universe Myeik 2015 ပြိုင်ပွဲတွင် Miss Universe Myeik 2015 ဆု ရရှိသူကို ကျပ် သိန်း ၂၀ ၊ 1st Runner Up ရရှိသူကို ကျပ် ၁၀သိန်း ၊ 2nd Runner Up ဆု ရရှိသူကို ကျပ် ၅သိန်း အသီးသီး ချီးမြှင့် သွား မည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် Miss Universe Myeik 2015 အဖြစ် ရွေးချယ်ခြင်း ခံရသူသည် ဆုကြေးငွေ ၊ သူရဖူ ၊ အခြား ခံစားခွင့်များ အပြင် Media Sponsor ပေးထားသည့် မဂ္ဂဇင်း ၊ ဂျာနယ်များ၏ မျက်နှာဖုံးရှင် အဖြစ် ပါဝင်ခွင့် ရမည် ဖြစ်ပြီး Miss Universe Myanmar 2015 ပြိုင်ပွဲတွင် မြိတ်မြို့ ကိုယ်စားပြု အလှမယ် တစ်ဦး အနေဖြင့် ယှဉ်ပြိုင် နိုင်မည် ဖြစ်သည်။
ဇွန်လ ၂ရက် က မုံရွာမြို့တွင် Miss Universe Monywa 2015 ပြိုင်ပွဲ ကျင်းပ ပြုလုပ် ခဲ့ပြီး Miss Universe Monywa 2015 ကို ဇွန်ပြည့်ဖြိုးမော်က ရရှိ ခဲ့သည်။
ဇွန်လ ၁၆ရက် တွင် မန္တလေး 1st Miss Universe Mandalay 2015 ပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး 1st Miss Universe Mandalay 2015ကို ရွေး ချယ်မည် ဖြစ်သည်။
ပထမဆုံး အကြိမ် ၂၀၁၅ တောင်ကြီး အလှမယ် ရွေးချယ်ပွဲ 1st Miss Universe Taunggyi 2015 ကိုလည်း တောင်းကြီးမြို့တွင် ကျင်းပ ပြုလုပ်ရန် စီစဉ် ထားပြီးပထမ ဆု ၁၅သိန်း ၊ ဒုတိယဆု ၁၀သိန်း ၊ တတိယဆု ၅သိန်း ချီးမြှင့် သွားမည် ဖြစ်သည်။
Miss Universe Myanmar 2015 ပြိုင်ပွဲကို ၂၀၁၅ခုနှစ် အောက်တိုဘာလ တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။
Mizzima

No comments:

Post a Comment