Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 14, 2015

Minions အန်နီမေးရှင်း ဇာတ်ကားတွင် ဗီလိန်ဇာတ်ကောင် နောက်ခံစကားပြောအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဆန်ဒရာဘူလော့ခ်

 

Written by 


Minions

ရိုက်တာ (လန်ဒန်)။ ။ ဟောလီးဝုဒ် မင်းသမီး ဆန်ဒရာဘူလော့ခ်သည် Minions အန်နီမေးရှင်း ဇာတ်ကားတွင် ဗီလိန်ဇာတ်ကောင် နောက်ခံစကားပြောအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကြောင်းနှင့် အဆိုပါ ဇာတ်ကားသည် အဝါရောင် minions လေးများကို အဓိက ရိုက်ကူးထားသည့် ဇာတ်ကား ဖြစ်သည်။
အဆိုပါ ဇာတ်ကားတွင် Miniions လေးများသည် ၎င်းတို့၏ ဆရာများ သေဆုံးခဲ့ပြီးနောက် Miniions လေးများအနက် ကီဗင်၊ ဘော့ပ်နှင့် စထရက်တို့သည် ခရီးထွက်ခဲ့ကြရာ ၎င်းတို့ သုံးဦးကို ဗီလိန် Scarlet Overkill က လူသစ် ဆုဆောင်းခဲ့ပုံကို မြင်တွေ့ရမည် ဖြစ်သည်။ စကားလက်သည် ဗီလိန် Scarlet Overkill ဇာတ်ကောင် နောက်ခံစကားပြောအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။
“ဒီဇာတ်ရုပ်ဟာ စိတ်ကူးယဉ်ဆန်တဲ့အတွက် ကျွန်မနဲ့ လိုက်ဖက်တယ်။ အသံသွင်းတဲ့အခါ အခက်အခဲတွေ ရှိခဲ့တယ်” ဟု ဘူလော့ခ်က လန်ဒန်မြို့၌ ပြုလုပ်သော ဇာတ်ကား ပွဲဦးထွက်တင်ဆက်သည့်ပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
"နောက်ခံစကားပြောရတာ အရမ်းခက်ခဲပါတယ်။ ဒါကျွန်မ အသံလို့တောင် မထင်မိပါဘူး။ ကျွန်မ ကောင်းတယ်လို့လည်း မထင်ပါဘူး။ အစွမ်းကုန် လုပ်ခဲ့မယ်ဆိုရင် အကောင်းဆုံး ဖြစ်လာမှာပါ။ ဒီလို နောက်ခံစကားပြောတဲ့ နေရာမှာ ပါဝင်သရုပ်ဆောင်တာ နောက်ဆုံးအကြိမ် ဖြစ်နိုင်တယ်လို့ ကျွန်မထင်ပါတယ်” ဟု ဘူလော့ခ်က ပြောကြားသည်။
အသက် ၅၀ နှစ်အရွယ်ရှိ ဘူလော့ခ်က Minions ဇာတ်ကားသည် ၎င်း၏ နောက်ဆုံးအကြိမ် နောက်ခံစကားပြောအဖြစ် သရုပ်ဆောင်သည့် ဇာတ်ကားဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ Minions ဇာတ်ကားကို ဇွန် ၂၆ ရက်တွင် ဗြိတိန်ရှိ ရုပ်ရှင်ရုံများတွင် ပြသသွားမည်ဖြစ်ပြီး ဇူလိုင် ၁၀ ရက်တွင် အမေရိကန်တွင် ပြသသွားမည် ဖြစ်သည်။

No comments:

Post a Comment