Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 13, 2015

မိသားစုပိုင်နေအိမ်ကို ဒေါ်လာ ၆သန်းနဲ့ ရောင်းချခဲ့တဲ့ Miley Cyrus




ရပ် နဲ့ ပေါ့ပ် အဆိုတော်မလေး Miley Cyrus ဟာ Toluca Lake မှာ ရှိတဲ့ သူမရဲ့ မိသားစု ပိုင်နေအိမ်ကို ဒေါ်လာ ၆ သန်း နဲ့ ရောင်းချလိုက်ပြီ ဖြစ်တယ်လို့ LA Times သတင်းဌာန ရဲ့ ဖော်ပြချက်အရသိရပါတယ်။

"Wrecking Ball" သီချင်းရဲ့ ပိုင်ရှင် Miley ဟာ ဒီ အိမ်ကို ဘာကြောင့်ရောင်းချင်ရသလဲ ဆိုတဲ့ အကြောင်းပြချက်ကို တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ အမှန်တစ်ကယ်တော့ အဲဒီ အိမ်ဟာ Miley ရဲ့ ငယ် ဘ၀ တစ်လျှောက်လုံး ဖြတ်သန်းလာခဲ့တဲ့ နေအိမ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထို အိမ်ဟာ ဖောက်ထွင်းခံရမှုတွေကို အကြိမ်ကြိမ် အခါခါ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လ တုန်းကလည်း အမျိုးသားတစ်ယောက်ဟာ Miley Cyrus ရဲ့ Toluca Lake မှာရှိတဲ့ ထို နေအိမ်ထဲ ဖောက်ထွင်းဝင်ရောက်ပြီး Miley Cyrus ရဲ့ ပိုင်ဆိုင်မှု အချို့ကို ခိုးယူသွားခဲ့ဖူးပါတယ်။ ထို ခိုးယူခံလိုက်ရတဲ့ Miley ရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ လုံးဝ ထုတ်ဖော်ပြောပြခြင်းမရှိခဲ့ပါဘူး။

၂၀၁၄ ခုနှစ်မေလတုန်းကလည်း မော်ဒယ်လ် ကောင်မလေး ၂ ယောက်ဟာ Miley ရဲ့ နေအိမ်ထဲ ခိုးဝင်ပြီး Miley ရဲ့ အ၀တ်အစားနဲ့ လက်ဝတ်ရတနာ ဒေါ်လာ ၁ သိန်းဖိုးတိတိ ခိုးယူခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ်တုန်းကလည်း Miley Cyrus ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့ မတိုင်မီက ထိုနေအိမ်ကို ဖောက်ထွင်းခံခဲ့ရပါသေးတယ်။ သူမ လက်ရှိ ၀ယ်ယူပြီး နေထိုင်နေတဲ့ နေအိမ်ကတော့ လုံခြုံရေး စနစ်တွေ ပိုမို တင်းကြပ်ထားတယ်လို့ သိရပါတယ်။

တစ်ကယ်တော့ အခုရောင်းချလိုက်တဲ့ Toluca Lake က Miley ရဲ့ နေအိမ်ဟာ ၂၀၀၇ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အိပ်ခန်း ၆ ခန်း ရေချိုးခန်း ၆ ခန်း ၈၇၀၀ ပေ ကျယ်တဲ့ စာကြည့်ခန်း ၊ Home Theater တို့ ပါဝင်သလို အိမ်အပြင်မှာလည်း ရေကူးကန် ၊ စကိတ်ကွင်း တို့ လည်း ရှိပါတယ်။ အဲဒီနေအိမ်ကိုတော့ ဗိသုကာ ပညာရှင် Bob Easton က ဒီဇိုင်းရေးဆွဲပေးခဲ့တာပဲ ဖြစ်ပါတယ်။

ထို အိမ်ကို Miley ရဲ့ မိဘတွေဖြစ်တဲ့ Billy Ray Cyrus နဲ့ Leticia Cyrus တို့က အရင် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး Miley ကို လက်ဆောင်အနေနဲ့ ပြန်ပေးထားတာဖြစ်ပါတယ်။ Miley Cyrus ကတော့ ကယ်လီဖိုးနီးယားမှာ ဒေါ်လာ ၅ သန်းတန် အိမ်တစ်လုံးကို ၀ယ်ယူထားတယ်လို့လည်း သိရပါတယ်။

ဒေါ်လာ ၆ သန်း နဲ့ ရောင်းချခဲ့တဲ့ Miley Cyrus ရဲ့ နေအိမ်
( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment