ပေကျင်း ၊ ၃-၆-၂၀၁၅
တရုတ်နိုင်ငံ တောင်ပိုင်းမြို့ တစ်မြို့ ဖြစ်သော ဟွီဂျုံးတွင် အရှေ့ အလယ်ပိုင်း အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ဝေဒနာ MERS ဝေဒနာ ခံစားနေရသော တောင်ကိုရီးယား လူငယ်တစ်ဦး ဆေးရုံသို့ ရောက်ရှိ လာပြီးနောက် ၄င်းကို ကုသ ကိုင်တွယ်ရန် သူနာပြုများ ဝန်လေး နေသောကြောင့် လူနာကို ကုသရမည့် သူနာပြုကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယား လူနာကို ပြုစု စောင့်ရှောက် လိုသော သူနာပြု ဆရာမ ဦးရေ များနေသည့် အတွက် မဲခွဲဆုံးဖြတ် ရခြင်း ဖြစ်သည်ဟု ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသော်လည်း ဒေသတွင်း မီဒီယာ များတွင်မူ သူနာပြုများက လူနာကို ကိုင်တွယ် ကုသလိုစိတ် မရှိသဖြင့်သာ ယခုကဲ့သို့ မဲခွဲဆုံးဖြတ် ရခြင်းဖြစ်သည် ဟု ဖော်ပြထားသည်။ အဆိုပါ တောင်ကိုရီးယား နိုင်ငံသားမှာ တရုတ်နိုင်ငံ ၏ ပထမဆုံးသော MERS လူနာဖြစ်ပြီး လွန်ခဲ့သော ရက်သတ္တပတ်က တောင်ကိုရီးယား နိုင်ငံမှ တစ်ဆင့် အရှေ့အလယ်ပိုင်း နိုင်ငံများသို့အလည်အပတ်သွားရောက်ခဲ့ကာထိုမှတစ်ဆင့် ဟောင်ကောင်သို့ ရောက်ရှိပြီး

ဟောင်ကောင်မှ
တစ်ဆင့် တရုတ်နိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
လေယာဉ်ပေါ်တွင် ၄င်း၏ အနီးဝန်းကျင် တွင် လိုက်ပါ လာခဲ့သူ ၁၈ ဦးကိုလည်း သီးခြားထားရှိ စောင့်ကြည့်လျက် ရှိပြီး ၄င်း၏ ဖခင်တွင်မူ MERS ရောဂါပိုး ကူးစက်ပြီး ဖြစ်နေသည်ကို တွေ့ရသည့် အတွက် လတ်တလောတွင် ၄င်း သားအဖကို ခရီးဆက်လက် ထွက်ခွာခွင့် မပြုဘဲ ဆေးရုံတွင် စောင့်ရှောက် ထားရှိကြောင်း သိရသည်။
''တောင်ကိုရီးယား နိုင်ငံသားနဲ့ ထိတွေ့ မိသူတွေ၊ အနီးကပ် နေထိုင် သွားလာခဲ့သူ တွေကို သူတို့ရဲ့အိမ်မှာ သီးခြားနေခိုင်း ထားသလို တချို့ကိုလဲ အစိုးရပိုင် အဆောက်အအုံ တွေမှာ နေရာပေးထား ပါတယ်။ သူတို့ အားလုံးကို စောင့်ကြည့် နေပြီး MERS ဗိုင်းရပ်စ် ကင်းစင်တယ် ဆိုတာ သေချာမှ သွားလိုရာ ပေးသွားမှာပါ'' ဟု တရုတ်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
MERS ဗိုင်းရပ်စ် ကူးစက်မှုခံ ရလျှင် သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်း ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန် ထားသည်။ MERS ကြောင့် ပထမဆုံး လူသေဆုံး ခဲ့ချိန်မှာ၂ဝ၁၂ ခုနှစ် ဇွန်လဖြစ်ပြီး ဆော်ဒီအာရေဗျ နိုင်ငံတွင် ရောဂါစတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment