အသစ်ဖြစ်ပေမယ့် အခက်အခဲတွေကြား နောက်မဆုတ်တမ်း ရှေ့ဆက်လှမ်းခဲ့တဲ့ အနုပညာသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီး "ညီမက ပြသနာတစ်ခုဖြစ်ပြီဆိုတာနဲ့ လူဆိုတာက စိတ်ညစ်စရာက အမြဲရှိနေမှာပဲ။ ဒါပေမဲ့ အဲ့ဒါကို ညီမက ဘယ်တော့မှ မဖော်ဘူ။း။ အိမ်မှာ တစ်ခုခုဖြစ်ခဲ့ပြီဆိုရင်လဲ ရှုတင်မှာ မေ့ထားတယ်။ ရှိနေပြီဆိုတာလဲ သိတယ်။ မပြီးသေးဘူးဆိုတာလဲ သိတယ်။ ဒါပေမဲ့ စိတ်ထဲမှာ အရမ်း ထည့်မထားဘူး။ ဒီအလုပ်ကလဲ စိတ်နဲ့လုပ်ရတာဖြစ်တဲ့ အတွက် စိတ်ကကြည်နေမှ မဟုတ်ရင် ဘာမှကို လုပ်လို့မရဘူး။ တစ်ဖက်ကကားရိုက်နေတယ်။ တစ်ဖက်က ပြသနာတစ်ခုကို ခေါင်းထဲထည့်ထားမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ အားလုံးနဲ့ရိုက်ရတဲ့အတွက် အချိန်လဲနှောင့်နှေး သွားမယ်။ အဲ့ဒီတွက် ပြသနာတစ်ခုပေါ်မှာ အရမ်းကြီး စိတ်မနှစ်ထားဘူး။ တစ်ခုခု ပြသနာဖြစ်ခဲ့တယ် ဆိုရင် တောင်ပျိုးခင်းက အစ်ကိုတွေနဲ့တိုင်ပင်လို့ရတယ်။ ဆွေးနွေးလို့ရတယ်။ ကိုယ်တွေအတွက် အားတစ်ခုလဲဖြစ်တယ်။ တစ်ခုခုဖြစ်လာရင်တောင် ကိုယ့်ဆရာသမားတွေရှိတယ်။ သူတို့က အခုချိန်ထိ အမြဲတမ်းလဲ ဆုံးမပေးနေတဲ့ အတွက် ပြသနာတစ်ခုအပေါ်မှာ အရမ်းစိတ်မထည့် ထားဖြစ်ဘူး။ ညီမကတော့ အမြဲတမ်း စိတ်ကိုပျော်အောင်နေတယ်။ စိတ်ညစ်စရာရှိရင်တောင်မှ ခဏပဲ။ ဒီလုပ်ငန်းတွေ လုပ်နေရပြီဆိုကတည်းက အများနဲ့ ဆက်ဆံရတာဖြစ်တဲ့အတွက်၊ စကားပြောရတာ ၊ ကတောက်ကဆလေးတွေရှိရင်ရှိမယ်။ သူ့ဖက်ကလဲ ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပေါင်းသင်းတာ၊ ကိုယ့်ဖက်ကလဲ သူ့ကို ပွင့်ပွင့်လင်းလင်းပေါင်းသင်းတာ အဲ့လိုတွေတော့ရှိတယ်။ တခါတလေ ကျတော့လဲ လူဆိုတဲ့အတိုင်းပဲ စိတ်တစ်ခုနဲ့တစ်ခု ကတောက်ကဆဖြစ်တဲ့အချိန်မှာ ညီမဖက်ကတော့ ပြေပြေလည်လည်အေးအေးဆေးဆေးလေးပဲပေါင်းသင်းဆက်ဆံပေးတယ်။ စိတ်ကိုလဲ တကယ့်အေးအေးဆေးဆေးလေးပဲ ထားတယ်။ ပျော်ပျော်နေတယ်။ ဘာပဲဖြစ်ဖြစ်မေမေ့ကိုတော့ အနီးကပ်တိုင်ပင်ဖြစ်တယ်။ ညီမပေါင်းတဲ့သူငယ်ချင်းတွေက အနုပညာလောကထဲကသူတွေတော့မဟုတ်ဘူး။ ဟိုးငယ်ငယ်ကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေပဲ။ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေနဲ့တောင်သိပ်ပြီး အဆက်အသွယ်မရှိဘူး။ မန္တလေးပြန်ရင် ငယ်ငယ်ကတည်းကပေါင်းခဲ့တဲ့ သူတွေနဲ့ပဲ ပေါင်းတယ်။
အဓိကဖေ့ဘုတ်မှာ Group chat လုပ်ထားတယ်။ ကိုယ်စိတ်ညစ်တာ သူစိတ်ညစ်တာတွေကိုပြန်လည်ဝေမျှတယ်။ လူတစ်ယောက်ချင်းစီမှာ တော့ ကိုယ့်အတွက်တကယ့်ကို ရင်းနှီးပွင့်လင်းစွာပြောနိုင်တဲ့လူတော့ ရှိသင့်ပါတယ်။ မိသားစုဝင် မဟုတ်တဲ့ ကိုယ်ချစ်ရတဲ့သူ တစ်ယောက်ယောက်ပေါ့။ ကိုယ်ယုံကြည်ရတဲ့သူ တစ်ယောက်တော့ ရှိသင့်ပါတယ်။ ပြီးတော့ညီမက ဒီအလုပ်လုပ်ကတည်းက တွဲသွားတွဲလာလုပ်ခဲ့တဲ့ အနုပညာလောကထဲက အပေါင်းအသင်းတော့ မရှိဘူး။ ပျိုးခင်းထဲက လူတွေနဲ့ကမတွဲဖြစ်ဘူးလားဆိုတော့ မဆုံဖြစ်တာပေါ့နော်။ မသုဆိုရင်လဲ ရှုတင်အားရက်ဆို ဆေးရုံ သွားရတယ်။ ရတနာဗိုဆိုလဲ သူ့အလုပ်နဲ့သူ၊ တစ်ယောက်က အားနေပြီဆိုရင်လဲ နောက်နှစ်ယောက် သူ့အလုပ်နဲ့သူ ရက်ချိန်းလို့ မရဘူး အစ်မရယ်။ ၃ ယောက်ဆုံတဲ့ကားတွေလောက်ပဲ ဆုံဖြစ်တယ်။ ပျိုးခင်းမှာ အရွေးခံရတော့ ညီမက အရမ်းပျော်နေတာ။ သူတို့တွေနဲ့လျှောက်သွားချင်တယ်။ အဲ့လိုမျိုးပေါ့။ အခုက ညီမက နယ်မှာဆို သူတို့တွေက ရန်ကုန်မှာ ၊ ညီမရန်ကုန်မှာဆို သူတို့တွေက နယ်မှာဆိုတော့ မအားမလပ်နဲ့ ၃ယောက်ဆုံတဲ့ ရှုတင်ကျမှ တကယ့်ကို ပျော်စရာကောင်းတဲ့ နေ့လေးဖြစ်တယ်"လို့ပြောပြပေးခဲ့ပါတယ်။
http://www.trend.com.mm/2015/06/08/yollywood-6809
No comments:
Post a Comment