Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

ရုပ်ရှင်သမိုင်းတစ်လျှောက်တွင် နိုင်ငံတကာ၌ ပွဲဦးထွက် ပြသငွေအများဆုံးရရှိနေတဲ့ Jurassic World


အမေရိကန် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား Jurassic World သည် ရုပ်ရှင် သမိုင်းတစ်လျှောက်၌ နိုင်ငံတကာ ပွဲဦးထွက်ရုံတင်ပြသငွေ အများဆုံးရရှိသည့် ဇာတ်ကားအဖြစ် စံချိန်တင်သွားသည်။
 
ဇွန်လ ၁၂ ရက်တွင် နိုင်ငံတကာ၌ စတင်ရုံတင်ပြသသော Jurassic World ဇာတ်ကားသည် ဇွန်လ ၁၄ ရက်အထိ နိုင်ငံတကာ ၌ ရုံတင်ပြငွေစုစုပေါင်း အမေရိ ကန်ဒေါ်လာ ၅၁၁ ဒသမ ၈ သန်း ရရှိခဲ့၍ ပွဲဦးထွက်ရုံတင်ပြသငွေ သန်း ၅၀၀ ကျော်ရရှိသော ရုပ်ရှင် ဇာတ်ကားအဖြစ် စံချိန်တင်သွားသည်။
Jurassic World ဇာတ်ကားသည် မြောက်အမေရိကား၌ ပွဲဦးထွက်ရုံတင်ပြသငွေ အမေရိကန် ဒေါ်လာ ၂၀၄ ဒသမ ၆ သန်းနှင့် အခြားသောနိုင်ငံ ၆၆ နိုင်ငံ၌ ပွဲဦး ထွက်ရုံတင်ပြသငွေ အမေရိကန် ဒေါ်လာ ၃၀၇ ဒသမ ၂ သန်းရရှိ ထားသည်။
ယင်းဇာတ်ကား၌ ပါဝင် သရုပ်ဆောင်ခဲ့သော   မင်းသားခရစ်ပရက်သည် Jurassic Worldဇာတ်ကားနောက်ဆက်တွဲဇာတ်လမ်း၌လည်း ပါဝင်သရုပ်ဆောင်ရန် သဘောတူထားသည်ဟုသိရ သည်။
Jurassic World ဇာတ်ကား သည် ကျွန်းတစ်ကျွန်းပေါ်၌ ဒိုင်နို ဆောများကို မျိုးပွားထားသော ဂျူရက်ဆစ်ကမ္ဘာမှ ဒိုင်နိုဆော များသောင်းကျန်းမှုကြောင့် သုတေသနပညာရှင်အဖွဲ့အပါ အဝင် ယင်းကျွန်းသို့ရောက်ရှိနေ သူများ ဒိုင်နိုဆောများရန်မှထွက် ပြေးလွတ်မြောက်ရန် ကြိုးစားခဲ့ သည့်ဇာတ်ကားဖြစ်သည်။ ဒါရိုက်တာကောလင်းထရီဗာရို ရိုက်ကူးတင်ဆက်ထားသော ယင်းဇာတ်ကားတွင် ခရစ်ပရက်၊ ဘရိုက်စ်ဒဲလက်စ်ဟောင်းဝပ်၊ နစ်ရော်ဘင်ဆန်၊ တိုင်ဆင်ကင် နှင့် အာဖန်ခန်တို့ပါဝင်သရုပ် ဆောင်ထားသည်။
Ref: Variety

No comments:

Post a Comment