Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

မင်းသား John Hurt ကင်ဆာရောဂါ ခံစားနေရ




“The Elephant Man” နဲ့ “Captain Corelli’s Mandolin” ဇာတ်ကားတွေမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့သော ဗြိတိသျှ သရုပ်ဆောင်မင်းသား John Hurt အသက် ၇၅ မှာ သရက်ရွက် (pancreas) ကင်ဆာရှိကြောင်း အင်္ဂါနေ့က တွေ့ရှိခဲ့ပေမယ့် အလုပ်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“သရက်ရွက်ကင်ဆာရောဂါ ကနဦးအဆင့်ရှိကြောင်း သိပ်မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တယ်။ ကုသမှုခံယူသွားမှာဖြစ်ပြီး ကျေနပ်ဖွယ်ရလဒ်အဖြေ ရရှိမယ်လို့ စိတ်ချယုံကြထားတယ်” လို့ John Hurt က ပြောဆိုခဲ့ပါတယ်။
မကြာခင်မှာ မှတ်တမ်းတင်ပြုစုဖို့ အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ “Jeffrey Bernard Is Unwell” ကိုလုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
“The Elephant Man” နဲ့ “Midnight Express” က သူ့သရုပ်ဆောင်ချက်တွေကြောင့် အော်စကာဆုအတွက် လျာထားစာရင်းမှာ ထည့်သွင်းခံခဲ့ဖူးသူဖြစ်ပြီး ၁၉၇၉ က အာကာသ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကား “Alien” မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။
သူဟာ “Tarzan” ဗားရှင်းသစ်တစ်ခုကို မကြာသေးမီက ရိုက်ကူးပြီးဆုံးခဲ့ပြီး “The History of Love” ထဲက Gemma Arterton နဲ့ Derek Jacobi တို့အနဲ့တူ တွေ့မြင်ရမှာဖြစ်ပါတယ်။ 
Ref: Reuter
http://www.trend.com.mm/2015/06/17/news-6918

No comments:

Post a Comment