Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 15, 2015

iPhone 7 နဲ့ပတ်သက်တဲ့ ကောလာဟလ တွေထွက်ပေါ်




Samsung ရဲ့ Galaxy S6 နဲ့ HTC ရဲ့ One M9 လိုနောက်ဆုံး ပေါ် စမတ်ဖုန်းတွေ ထွက်ရှိလာခြင်းက Apple ကို ၂၀၁၅ ခုနှစ်အတွက် ကုန်ပစ္စည်း အသစ်ထုတ်ဖို့ ဖိအားတွေ ဖြစ်လာစေခဲ့ပါတယ်။

ကုမ္မဏီကလည်း ၂၀၁၅ ခုနှစ်အတွက် iOS 9 ကို ထုတ်လုပ်ပြီးတဲ့နောက်မှာ အားလုံးက ကုန်ပစ္စည်းအသစ် ထုတ်လုပ်မှု ကို စောင့်မျှော်နေကြပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကောလာဟလ တွေကို iPhone 7 (သို့) iPhone 6S အတွက် ထွက်ပေါ်လာတာ မဆန်းပါဘူး။

ထုတ်လုပ်မယ့်ရက်နဲ့ ပတ်သက်ပြီးထွက်လာတဲ့ ကောလာဟာလ တစ်ခုကတော့ Apple ရဲ့ ထုတ်လုပ်မှု ရက်စွဲသမိုင်းတွေအရ ၂၀၁၅ ခုနှစ် စက်တင်ဘာလ မတိုင်မီမှာ ထွက်ပေါ်လာလိမ့်မယ် လို့ ဆိုကြပါတယ်။ iPhone 6 နဲ့ iPhone 5S တို့ကိုလည်း စက်တင်ဘာလ မှာ ထုတ်လုပ်ခဲ့တဲ့အတွက် Apple ဟာ သူ့ရဲ့ မဟာဗျူဟာကိုတော့ ပြောင်းလဲမယ့်ပုံ မရှိပါဘူး။ ခရစ်စမတ် အမှီ အရောင်း စတင်မှာ သေချာပါတယ်။

သူ့ရဲ့ ကင်မရာနဲ့ ဒီဇိုင်းတွေကိုလည်း developer တစ်ယောက်ဖြစ်တဲ့ Hamza Sood က iOS 9 ရဲ့ ကုဒ်တွေအတွင်းမှာ ကင်မရာနဲ့ ပတ်သက်တဲ့ ကုဒ်တွေရှာဖွေတွေ့ရှိခဲ့တဲ့ ရလဒ်နဲ့ အတူ ကောလဟာလ ထွက်ပေါ်လာပြန်ပါတယ်။ ထို ကုဒ်တွေအရတော့ front ကင်မရာမှာပါ Flash ပါဝင်လာဖွယ်ရှိပြီး FaceTine ကိုလည်း HD ကြည်လင်ပြတ်သားမှု နဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ Hamza Sood က ဆိုထားပါတယ်။

ဒါ့အပြင် Apple ဟာ ဒီနှစ်မှာ ဟန်းဆက် ၃ မျိုးကိုတစ်ပြိုင်နက်ထုတ်လုပ်သွားမယ်လို့ လည်း ကောဟာဟလတွေ ထွက်ပေါ်နေပါတယ်။ iPhone 7 (သို့) iPhone 6S အပြင် iPhone 6C ဆိုတဲ့ ဈေးသက်သာပြီး ပိုမို သေးငယ်တဲ့ ဟန်းဆက် တစ်လုံးကိုလည်း ထုတ်လုပ်ဖို့ရှိနေတယ်လို့ ကောလာဟလ တွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် iOS 9 သာ iPhone 7 အတွက် ထုတ်လုပ်ခဲ့တယ်ဆိုရင်တော့ iOS 9 မှာပါဝင်တဲ့ ဘက်ထရီ သက်တမ်းကြာရှည်စေတဲ့ လုပ်ဆောင်ချက်ဟာ iPhone 7 မှာတော့ ဘက်ထရီ စွမ်းရည် အကောင်းဆုံး ဖြစ်သွားစေမှာပါ။ ဈေးနှုန်းအနေနဲ့ကလည်း 16GB ပမာဏရှိမယ့် iPhone အသစ်ဟာ စတာလင်ပေါင် ၅၃၉ ခန့်က စတင်ပြီး တန်ဖိုးရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment