Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 8, 2015
နေကြာ (မန္တလေး-ရန်ကုန်) Express ယာဉ်မတော်တဆမှုဖြစ်ပွား တစ်ဦးသေဆုံး ၂၁ဦး ဒဏ်ရာရ
၂၀၁၅ခုနှစ် ဇွန်လ ၈ ရက်နေ့ နေ့လယ်(၁၂း၀၀)နာရီအချိန်ခန့် မန္တလေး- ရန်ကုန် အမြန်လမ်း မိုင်တိုင်အမှတ် ၂၀၃/၂ နှင့် ၂၀၃/၃ ကြား မန္တလေးမှ ရန်ကုန်သို့ အပြန်လမ်းတွင် နေကြာ (မန္တလေး-ရန်ကုန်) Express ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီ တစ်ဦးသေဆုံးကာ ၂၁ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရပါတယ်။
 ယာဉ်မောင်း ဦးနိုင်လင်း၊ အသက်(၃၅)နှစ်၊ လှည်းကူးမြို့နေသူ မောင်းနှင်လာတဲ့ ယာဉ်အမှတ် 2H-xxxx နေကြာ (မန္တလေး-ရန်ကုန်) Express ယာဉ်မှာ အရှိန်များသဖြင့် ဘရိတ်အုပ်ရာမှ စလစ်ဖြစ်ပြီး လမ်းအတွင်းဘက် Road Curb များ အား တိုက်မိပြီး လက်ယာဘက်သို့ ပြန်ကွေ့စဉ် ထိန်းချုပ်မရဘဲ ဘယ်ဘက်ခြမ်းသို့ အရှိန်ဖြင့် ပေ(၄၀)ခန့် ပွတ်ဆွဲတိမ်းမှောက်ပြီး Guard Rail အပေါ်သို့ လျှောတိုက်၍ အတည့်ရပ်တန့်သွားသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ (Express)ယာဉ်ပေါ်တွင် ခရီးသည်(၂၆)ဦး စီးနင်းလိုက်ပါခဲ့ရာမှာ ယာဉ်မတော်တဆမှုကြောင့် ခရီးသည်ကျား(၁)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သံဃာတော်(၁)ပါးအ၀င်အ၀င် ကျား(၁၈)ဦး မ(၃)ဦးမှာ ထိခိုက်ဒဏ်ရာအသီးသီးရရှိသဖြင့် နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
သစ်ထူးလွင်
ဓါတ်ပုံ - Yangon-Mandalay Expressway
No comments:
Post a Comment