Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

Buriram မှာရှိတဲ့ ချစ်သူသက်ထားထံ အလည်တစ်ခေါက် သွားဖို့ ဘတ်စ်ကားခိုးသွားခဲ့တဲ့ ဘတ်စ်ကားသမား




ဘတ်စ်စကားမောင်းနှင်သူ တစ်ဦးဟာ Buriram မှာရှိတဲ့ ချစ်သူသက်ထားထံ အလည်တစ်ခေါက်သွားဖို့ ဘတ်စကားကို ခိုးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အများပြည်သူ သွားလာရေးဘတ်စ်ကားပြေးဆွဲမှုတစ်ခုဟာ ဘန်ကောက်မြို့တော် အရှေ့ဘက် မြို့ဆင်ခြေဖုံးမှာ အစအနမရ ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတယ်။
ဘတ်စ်ကားမောင်းနှင်သူ အသက် ၂၈ နှစ် အရွယ်ရှိ Sataanphop Aobpirom ကိုလည်း မည်သည့်နေရာမှာမှ မတွေ့ခဲ့ရပါ။ ဘတ်စ်ကားမောင်းနှင်သူ ဒီလိုပျောက်မသွားမီ ၃ ရက်လောက်က ဒီကားမောင်းနှင်ရေး အလုပ်သစ်ကို စတင်ခဲ့တာပါ။ ဘတ်စ်ကားကုမ္ပဏီက ဘတ်စ်ကားခိုးမှုကို မေလ ၄ ရက်နေ့က ရဲဌာနသို့ အကြောင်းကြားခဲ့ပြီး အဲ့အချိန်မှစလို့ စုံစမ်းစစ်ဆေးမှုလုပ်နေခဲ့ပါတယ်။
တစ်လလောက် စစ်ဆေးမှုလုပ်ပြီးနောက် ဘတ်စ်ကားနဲ့ ကားမောင်းနှင်သူကို Buriram မှာ ရဲအရာရှိတွေက ရှာဖွေတွေ့ရှိခဲ့ပြီး ၄င်းအား မနေ့က ညနေမှာ ဖမ်းဆီးကာ ခိုးမှုနှင့်စွဲချက်တင်ထားပါတယ်။ ကားသမားဟာ Hua Ta Kae-Seacon ရင်ပြင်လမ်းမှာ ခရီးသည်မပါဘဲ မောင်းနှင်နေချိန် Buriram မှာနေထိုင်နေတဲ့ ချစ်သူသက်ထားလေးကို ရုတ်တစ်ရက် လွမ်းဆွေးတမ်းတမိတာကြောင့်  ဘတ်စ်ကားမှာ ခရီးသည်တွေမရှိတာရယ် (အလိုအလျှောက်ဖြစ်လာတဲ့အရူးအမူးစွဲလန်းမှုနဲ့တူတဲ့ရုတ်တစ်ရက်တောင်းဆိုမှုကြောင့် ချစ်သူသက်ထားနှင့် အတူနေဖို့ ချစ်သူရှိရာ Buriram သို့ မောင်နှင်ဖို့ဆုံးဖြတ်ခဲ့တာပါလို့ ၀န်ခံပြောဆိုခဲ့ပါတယ်။
ဘတ်စ်ကားခိုးမှုနဲ့ အပြစ်ပေးခံရမှာကြောက်လို့ ဘန်ကောက်ကို မပြန်ဘဲနဲ့ Buriram မှာ ဆေးသုတ်သမားအဖြစ် အလုပ်သစ်တစ်ခု လုပ်ကိုင်ခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးပြီးတဲ့နောက် ဘတ်စ်ကားသမားအသစ်ဟာ အရင်က ခိုးမှုနှင့် မူးယစ်ဆေးဝါး အမှုကြောင့် ၂ ကြိမ် ဖမ်းဆီးခံခဲ့ရသူ ဖြစ်နေပါတယ်။ အမှန်တော့ သူ Buriram ရောက်တာနဲ့ မူးယစ်ဆေးဝါးဝယ်ဖို့ ငွေလိုတဲ့အတွက် ဘတ်စ်ကားကို ရောင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ ခိုးယူလာတဲ့ အများပြည်သူစီး ဘတ်စ်ကား ကို လွယ်လွယ်ရောင်းမထွက်သလို ဘယ်သူမှလည်း မ၀ယ်ရဲကြဘူး။
Ref:bangkokpost

http://www.trend.com.mm/2015/06/18/news-6927

No comments:

Post a Comment