၆။ Cee Lo Green's "F**k You"
Cee Lo Green လို့ဆိုလိုက်ရင် အားလုံးကသူနဲ့တွဲပြီး F**k You သီချင်းကို သိကြမှာပါ။ အဲ့ဒီ F**k You သီချင်းကို ရေးပေးတဲ့သူက Bruno Mars ဆိုရင် အားလုံး အံ့များအံ့သြသွားကြမလားပဲ။
၅။Alicia Keys's "Tears always win"
Soul သီချင်းလို့ ပြောနေကြတဲ့ Girl On Fire အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Tears Always Win ဟာ Alicia Keys အတွက် Bruno Mars ရေးပေးထားတဲ့ သီချင်းပါ။
၎။K'naan's "Wavin' Flag"
Bruno ဟာ သီချင်းရေးတဲ့အခါ တစ်ယောက်တည်း ရေးတဲ့အခါတွေ ရှိသလို သူများနဲ့ အတူတွဲပြီးရေးပေးဖြစ်တဲ့ သီချင်းတွေလည်း ရှိဖူးပါတယ်။ အဲ့ဒီလိုသီချင်းတွေထဲက K'naan ရဲ့ Wavin' Flag သီချင်းဟာ တော်တော်လေး ပေါက်တဲ့သီချင်းပါ။ အပြန်အလှန်အနေနဲ့ K'naan ကလည်း Bruno Mars ရဲ့ The Lazy Song သီချင်းမှာ ပြန်လည်ကူညီရေးစပ်ပေးခဲ့ပါသေးတယ်။
၃။Flo Rida's "Right Round"
Flo Rida ရဲ့ နာမည်ကြီး လူသိများလှတဲ့ Right Round သီချင်းနဲ့ ပတ်သက်ရင် ဒီသီချင်းမှာ ပါဝင်သီဆိုပေးခဲ့တဲ့ Kesha အသံကိုသာ အားလုံး သတိပြုမိကြမှာ ဖြစ်ပေမယ့် ဒီသီချင်းကို ရေးစပ်ပေးတဲ့သူ Bruno Mars ဆိုတာတော့ သိချင်မှ သိကြပါလိမ့်မယ်။
၂။Justin Bieber's "Love Me"
အသက် ၁၅နှစ်အရွယ်သာရှိသေးတဲ့ Justin Bieber ကို ကူညီတဲ့အနေနဲ့ သူ့ရဲ့ပထမဆုံး EP My World ထဲက Love Me သီချင်းကို Bruno Mars ရေးစပ်ပေးခဲ့တာပါ။
၁။Kanye West & Jay Z's "Lift Off"
ဒီသီချင်းဟာ Bruno Mars ပါဝင်ရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ဒီသီချင်းထဲမှာ Bout to take this whole thing to Mars ဆိုပြီး ပါလာတာလဲလို့ တွေးမိကြတယ်မဟုတ်လား။ ဘီယွန်စေးက Bruno အကြောင်းများ ထည့်ဆိုသလားပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ အာလုံးနဲ့အဆင်ပြေလိုက်ဖက်မယ့် သီချင်စားသားတွေကို ရေးသားပြနိုင်ခဲ့တာပဲလေ။
Ref:metrolyrics
http://www.trend.com.mm/2015/06/03/news-6778
No comments:
Post a Comment