Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

လျင်မြန်သည့် browser များ ဖန်တီးရန် Google, Apple, Microsoft နှင့် Mozilla ပူးပေါင်း


နောင်နောင်
အနာဂတ်တွင် အဆ ၂၀ ပိုမိုလျင်မြန်သော စွမ်းဆောင်ရည်ဖြင့် အသုံးပြုနိုင်မည့် browser များတွင် အသုံးပြုရန်အတွက် WebAssembly (wasm) ဟုခေါ်သော binary format သစ်တစ်မျိုးကို ဖန်တီးရန် Google, Apple, Microsoft နှင့် Mozilla မှ အင်ဂျီနီယာများက ပူးပေါင်းခဲ့ကြသည်။
WebAssembly သည် binary format သစ်တစ်မျိုးကို ဖန်တီးမည့် စီမံကိန်းတစ်ခု ဖြစ်ပြီး ၎င်းသည် desktop နှင့် မိုဘိုင်း browser များအတွက် ပိုမိုအကျိုးသက်ရောက်မှု ရှိစေမည်ဟု သိရသည်။
လက်ရှိ browser များသည် code များကို ဘာသာပြန်ရန်နှင့် form များ၊ dynamic content ကဲ့သို့သော ဝက်ဘ်ဆိုက်များတွင် လုပ်ဆောင်ချက်များထည့်သွင်းရန် JavaScript ကို အသုံးပြုလျက်ရှိသည်။
WebAssembly သည် တစ်ချိန်ချိန်တွင် browser အားလုံး၏ ဝက်ဘ်စံသတ်မှတ်ချက်တစ်ခု ဖြစ်လာခဲ့ပါက Web content နှင့် app များကို app ကို အသုံးပြုသော စွမ်းဆောင်ရည်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။
WebAssembly ကို ကျယ်ကျယ်ပြန့်ပြန့် မသုံးမီအထိ ပူးပေါင်း developer များအနေဖြင့် JavaScript နှင့် ကွာဟချက် ကျဉ်းမြောင်းစေရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် format သစ်ကို အထောက်ပံ့ပေးခြင်း မရှိသေးသော browser များအတွက် wasm ကို Mozilla က ကျယ်ကျယ်ပြန့်ပြန့် အထောက်အပံ့ပေးထားသော asm.js အဖြစ် ပြောင်းလဲဖွယ်ရှိသည်။
Ref: TheNextWeb
Internet Journal

No comments:

Post a Comment