Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

ရည်းစားသစ် ရနေပြန်တဲ့ Britney Spears



ပေါ့ပ် အဆိုတော်မလေး Britney Spears ဟာ Louisiana ပြည်နယ် သား ကောင်လေး တစ်ယောက်ကို လိုချင်နေပုံရပါတယ်။ ပေါ့ပ်စတား ဟာ သူမရဲ့ ဇာတိ ဖြစ်တဲ့ Louisiana ပြည်နယ်မှာ ရောက်နေတဲ့ ဓါတ်ပုံ တစ်ပုံ ကို Post လုပ်ခဲ့ပါတယ်။

အဲဒီ ဓါတ်ပုံမှာတော့ Piece Of Me ဆိုတဲ့ သီချင်းရဲ့ အဆိုတော် Britney Spears ဟာ Bikini အကျီင်္နဲ့ ဘောင်းဘီတို ကို ၀တ်ဆင်ပြီး လှေ တစ်စီးပေါ်မှာ Harris Beall လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ အတူ တွေ့လိုက်ရပါတယ်။

Entertainment Tonight ဆိုတဲ့ သတင်းဌာန တစ်ခုက ဖော်ပြခဲ့တာကတော့ အသက် ၃၃ နှစ်အရွယ် ကလေး ၂ ယောက်ရဲ့ မိခင် Britney ဟာ ထို ဓါတ်ပုံကို ဝေမျှခဲ့ပြီး Louisiana ပြည်နယ်သား တစ်ယောက်နဲ့ တွဲနေတယ်ဆိုတာကို အသိပေးလိုက်တာပဲ ဖြစ်ပါတယ်။

Britney Spears ဟာ ရည်းစားဟောင်း Charlie Ebersol နဲ့ လမ်းခွဲလိုက်ကြောင်း ကြေညာလိုက်တာ မကြာသေးပါဘူး။

သူတို့ ၂ ယောက်ဟာ ၈ လ ခန့်တွဲခဲ့ကြပြီးတဲ့နောက် မေလ က ၂၀၁၅ ခုနှစ် Billboard Music ဆုပေးပွဲ အပြီးမှာပဲ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Britney ဟာ သူမရဲ့ Instagram အကောင့်မှာတင်ထားခဲ့တဲ့ သူမနဲ့ Charlie ရဲ့ ဓါတ်ပုံတွေ အားလုံးကို ဖျက်ပစ်လိုက်ပါတယ်။

Britney နဲ့ Harris Beall တို့ရဲ့ ဓါတ်ပုံ ကို Britney က သူမရဲ့ Twitter မှာတင်ခဲ့ပြီး မကြာခင်မှာပဲ Harris Beall ကလည်း "ငါချစ်မိနေပြီထင်တယ်" ဆိုပြီး Twitter မှာ Post လုပ်ထားတာကိုတွေ့ရမှာပါ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment