Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 2, 2015

စိတ်ရောဂါရှင် ကရင်အမျိုးသမီး ပျောက်ဆုံးနေ



 နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့နေ စိတ်ဝေဒနာရှင် ကရင်အမျိုးသမီးကြီး တစ်ဦး
 ပျောက်ဆုံးနေသောကြောင့် တွေ့ရှိသူများ သတင်းပေးပါရန် ရဲစခန်းမှ ထုတ်ပြန်ကြေညာထားပါသည်။
အသက် ၆၄ နှစ် အရွယ် ဒေါ်ပေါ်ဂူး အမည်ရှိ ကရင်အမျိုးသမီးကြီးသည် သက်ကြီးမှတ်ဉာဏ်အားနည်း
စိတ်ရောဂါ ခံစားနေရသူ ဖြစ်ကြောင်း သိရသည်။ သူမသည် ကရင်ဘာသာစကားသာ ပြောဆိုတတ်
ပါသည်။ နောက်ဆုံးတွေ့မြင်ရချိန်က အင်္ကျီအနက်နှင့် ထဘီအနီ ဝတ်ဆင်ထားသော ဒေါ်ပေါ်ဂူးသည်
 နိုင်ယာဂရာနှင့် ပေါ်တာတွင်၊ မြို့လယ်သို့ ဦးတည်သွားနေသည်ဟု သိရသည်။ ကနေဒါနယ်စပ်ရှိ၊
ကမ္ဘာကျော် နိုင်ယာဂရာ ရေတံခွန်ကြီး တည်ရှိသော ဘတ်ဖလိုးမြို့တွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသော လူမျိုးပေါင်းစုံ ၈,၅၀၀ ခန့် နေထိုင်လျက်ရှိပြီး အင်္ဂလိပ်ဘာသာစကား အခက်အခဲရှိသူ များစွာ ရှိပါသည်။

http://kabarthit.com/index.php?option=com_content&view=article&id=668:2015-06-02-00-52-45&catid=8&Itemid=214

No comments:

Post a Comment