Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 19, 2015

ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကား ဗီဒီယိုကလစ်များ အွန်လိုင်းတွင်ပျံ့နှံ့နေပြီး ကူးယူဖြန့်ချိသူများအား အရေးယူမှုများပြုလုပ်နိုင်ရန် ပြင်ဆင်

ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားအား ကူးယူထားသည့် ဗီဒီယိုကလစ်များ အွန်လိုင်းတွင်ပျံ့နှံ့နေပြီး ယင်းကဲ့သို့ ဖြန့်ချိသူများကို အရေးယူမှုများပြုလုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။
ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားအား ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ရုံတင်ပြသပြီး တစ်ပတ်ခန့်အကြာတွင် အဆိုပါဇာတ်ကားအား ကူးယူထားသည့်ဗီဒီယိုကလစ်များ ထွက်ရှိလာခြင်းဖြစ်ကာ Download ဆွဲ၍ ကြည့်ရှုမှုများပြားလျက်ရှိသည်ဟု သိရသည်။ ယင်းဇာတ်ကား အစအဆုံးကို အပိုင်းများခွဲ၍ အွန်လိုင်းတွင်ပျံ့နှံ့လာခြင်းဖြစ်ပြီး အရုပ်အသံအရည်အသွေး ကောင်းမွန်စွာဖြင့် ထွက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အွန်လိုင်းတွင်ပျံ့နှံ့နေမှု နှင့် ပတ်သက်၍ ဒါရိုက်တာအကယ်ဒမီဝိုင်းက “ဒီလိုပျံ့နှံ့မှုအပေါ်မှာ အဓိကတာဝန်အရှိဆုံးက ဒစ်ဂျစ်တယ်ခေတ်မှာ ရုပ်ရှင်ရုံတွေပါပဲ။ ဒီလိုသာ မထိန်းသိမ်းနိုင်ဘူးဆိုရင် ရုပ်ရှင်လောကတစ်ခုလုံး ပျက်သွားနိုင်သလို ရုပ်ရှင်ရုံတွေလည်း ပျောက်သွားနိုင်တယ်။ ၀ိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်။ အဓိကတော့အစိုးရပေါ့။ အွန်လိုင်းမှာ ဒါမျိုးပျံ့နှံ့တယ်ဆိုတာကို အစိုးရရဲ့အရေးယူမှုပေါ့။ ဘယ်လိုကိုင်တွယ်မလဲဆိုတာ အရေးကြီးပါတယ်။ ပထမဆုံးစဖြစ်ခဲ့တဲ့ကိစ္စကို သေချာမကိုင်တွယ်ဘူးဆိုရင် ဂီတလောကတို့ ဗီဒီယိုလောကတို့လိုပဲ ကျဆုံးသွားမှာပါ။ ဒီကိစ္စမှာ ပထမဆုံးနစ်နာတာ က ထုတ်လုပ်သူပါ။ အနုပညာသမားတွေကတော့ နစ်နာစရာမရှိဘူး။ ကိုယ့်အနုပညာကို ပရိသတ်များများ ထိတွေ့နိုင်တာပေါ့။ ဒါပေမယ့်နှမြောတာက ဒီဇာတ်ကားရဲ့အရုပ်အသံအရည်အသွေးဖြစ်တဲ့ 4K ရယ် 5.1 ရယ်ကို ရုံမှာကြည့်မှ ရနိုင်ဖို့သေချာလုပ်ထားတယ်။ သို့သော်လည်း facebook ပေါ် မှာဖုန်းလေးပေါ်မှာ ကြည့်မယ်ဆိုရင်
ကျွန် တော်တို့ရဲ့အိပ်မက်တွေ အကုန်ပျက်စီးသွားပြီပေါ့။

 ရှေ့ဆက်လျှောက်မယ့် ခြေလှမ်းတွေတော့ အားယုတ်သွားပါတယ်။ ဒီဇာတ်ကားက အနုပညာအရတော့အောင်မြင်မှု ကြီးမားပါတယ်”ဟုသူ၏အမြင်အား ရှင်းပြခဲ့သည်။ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကား အွန်လိုင်းတွင်ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးမှ သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းဇာတ်ကားကို တယ်လီဖုန်းထဲ၌ လက်ဝယ်ထားခြင်း၊ CD ၊ ဒီဗီဒီနှင့် ကူးယူထားခြင်း၊ လူမှုကွန်ရက်စာမျက်နှာ (Facebook)၌ Post တင်ထားခြင်းတွေ့ရှိပါက ပယ်ဖျက်ပေးရန် မေတ္တာရပ်ခံ သတိပေး
အပ်ကြောင်း၊ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ ကွန်ပျူတာ၊ အင်တာနက်၊ တယ်လီဖုန်းစသော ခေတ်မီနည်းပညာများအသုံးပြု၍ အီလက်ထရောနစ်
ဆက်သွယ်ရေးကို တရားမ၀င်ဆောင်ရွက်ပါက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအပါအ၀င် တည်ဆဲဥပဒေများနှင့် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
Credit: http://news-eleven.com/

No comments:

Post a Comment