Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

လျာကိုအသုံးပြုပြီး မျက်မမြင်တွေ မြင်တွေ့စေမယ့် စက်ကိရိယာအသစ်




မျက်မမြင်တွေကို မြင်တွေ့စေမယ့် စက်ကိရိယာ အသစ်တစ်ခု မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီစက်ကိရိယာကတော့  FDA (the Food and Drug Adminstration) မှ အတည်ပြုထားတဲ့ BrianPort V100 ပဲ ဖြစ်ပါတယ်။
ဘယ်လို လည်ပတ်လုပ်ဆောင်သလဲ
Wisconsin အခြေစိုက် Wicab မှ တီထွင်ဖန်တီးထားတဲ့ BrainPort V100 မှာ အမြင်အာရုံဆိုင်ရာ အချက်အလက်တွေ ရယူနိုင်ဖို့ ကင်မရာတစ်လုံးကို အသုံးပြုထားပါတယ်။
အဲဒါကို လျာပေါ် တင်ရမှာ ဖြစ်ပြီး လျှပ်ခေါင်းအာရုံခံကိရိယာ ၄၀၀ တွဲ(400-electrode sensor array) တစ်ခုထည့်သွင်းထားပါတယ်။
ရည်ရွယ်ချက်က မျက်မမြင်တွေ သူတို့ ပတ်ဝန်းကျင်ရှိ ရုပ်ဝတ္တုတွေကို မြင်တွေ့စေမယ့် ခံစားချက်ကနေ အခြေတည် ဖြစ်ပေါ်လာတဲ့ ပုံရိပ်တစ်ခု ဖန်တီးရန်ဖြစ်ပါတယ်။
ဒါ ရှင်းပြရခက်ခဲတဲ့အရာဖြစ်ပြီး အသုံးပြုတာတောင် အချိန်အနည်းငယ်ကြာ လေ့ကျင့်ယူရပါတယ်။ သို့သော် ယင်းစက်ကိရိယာကို စမ်းသုံးကြည့်ရာ အစမ်းသပ်ခံ ၆၉ ရာခိုင်နှုန်းက သူတို့ပတ်ဝန်းကျင်ရှိ ရုပ်ဝတ္ထုပစ္စည်းတွေ ရေးရေးလေး မြင်တွေ့စေနိုင်တယ်လို့ ဆိုကြပါတယ်။
ဒီစက်ကိရိယာကို ဈေးကွက်အတွင်း ရောက်လာတဲ့အချိန်မှာ $10,000 ကျသင့်မယ်လို့ မျှော်လင့်ထားပါတယ်။
Ref:metro.co.uk

http://www.trend.com.mm/2015/06/23/tech-6959

No comments:

Post a Comment