အသက်၁၅နှစ်အရွယ် နက္ခတ္တဗေဒကျောင်းသား တစ်ဦးသည် လုပ်ငန်းခွင် အတွေ့အကြုံယူနေစဉ်အတွင်း ကမ္ဘာမြေနှင့် အလင်းနှစ် ၁၀၀၀အကွာအဝေးမှ ဂြိုလ်သစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်။
တွမ်ဝက်ဘ်ဟုအမည်ရသည့် အဆိုပါ
ကျောင်းသားသည် ပြီးခဲ့သည့် နှစ်နှစ်ခန့်က
နိုင်ငံတကာ အာကာသစခန်းမှ အချက်အလက်များ ရယူရန်အတွက် ကီလီတက္ကသိုလ်ရှိ ရူပနက္ခတ္တဗေဒဌာနတွင် တစ်ပတ်ကြာ လေ့လာ မှုလုပ်နေစဉ်အတွင်း ယခုကဲ့သို့ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြယ်တစ်လုံးမှ အလင်းတန်း ယိုင်ဆင်းသွားခြင်းမှာ အဆိုပါဂြိုလ်က ပိတ်ဆို့ထားခြင်းကြောင့်ဖြစ်ကြောင်း တွမ်ဝက်ဘ်က သက်သေပြခဲ့သည်။

ယခုအခါတွင် ဆွစ်ဇာလန်နှင့် ဘယ်လ်ဂျီယံတက္ကသိုလ်များမှ နက္ခတ်ဗေဒ ပညာရှင်များ က လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တွမ်ဝက်ဘ်တွေ့ရှိခဲ့သည့် ဂြိုလ်သစ်ကို တရားဝင် အသိအမှတ်ပြုခဲ့သည်။
တွမ်ဝက်ဘ်ရှာဖွေတွေ့ရှိခဲ့သည့် ဂြိုလ်မှာ WASP(wide angle search for planets) စီမံကိန်းမှ ရှာဖွေတွေ့ရှိသည့် ၁၄၂လုံးမြောက် ဂြိုလ်ဖြစ်ပြီး WASP-142bဟု စာရင်းသွင်းထားကာ hot jupiter ဟုလည်း ခေါ်ဝေါ်ကြောင်း mirror သတင်းဌာနက ဖော်ပြသည်။
တွမ်ဝက်ဘ်သည် အင်္ဂလန်နိုင်ငံ၊ စတက်ဖို့ဒ်
်ရှိင်းယားဒေသရှိ ၀က်စ်လန်းတက္ကသိုလ်မှ ကျောင်းသား များအနက် ဂြိုလ်သစ်ရှာဖွေတွေ့ရှိသည့် အသက်အငယ်ဆုံးကျောင်းသား ဖြစ်လာသည်။
်ရှိင်းယားဒေသရှိ ၀က်စ်လန်းတက္ကသိုလ်မှ ကျောင်းသား များအနက် ဂြိုလ်သစ်ရှာဖွေတွေ့ရှိသည့် အသက်အငယ်ဆုံးကျောင်းသား ဖြစ်လာသည်။
Nz ရိုးရာလေး
www.yoyarlay.com
www.yoyarlay.com
No comments:
Post a Comment