Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 10, 2015

ကိုယ့်ထမင်းကိုယ်စားပြီး မဲစာရင်းများပြုစုနေရကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ပြောကြား

၁၀..၆..၁၅
မဲစာရင်းအမှားများအတွက် အပြစ်တင်ကြပြီး မဲစာရင်းပြုစုသူများကိုပိုက်ဆံ မပေးနိုင်သည့်အတွက် ချော့မော့ ခိုင်းနေရကြောင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေးကပြောဆိုသည်။
-
လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပရေးအတွက် မြန်မာကျပ်ငွေ ၄၀ (ဘီလီယံ) သုံးစွဲရန်လျာ ထားပြီး ၂၀၁၀ ပြည့်နှစ်က ၁၀ ဘီလီယံသာ သုံးစွဲခွင့် ရရှိခဲ့ကြောင်း ၊ မဲစာရင်းပြုစုမှုများတွင် လိုအပ်ချက်အချို့ ရှိနေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှု များ အားနည်းခြင်း မှာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဘတ်ဂျက်ငွေနှင့် ၀န်ထမ်း အင်အားနည်းပါးခြင်းကြောင့်ဖြစ်သည်ဟု လည်း၎င်းကဆိုသည်။
-
ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) တွင် ဇွန် ၈ ရက် က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား စာနယ်ဇင်းများကို ရှင်းလင်းသည့် အခမ်းအနားတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
-
အစိုးရနှင့် ကုလသမဂ္ဂတို့ သန်းခေါင်စာရင်းကောက်ခံခဲ့ရာတွင် သန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာ ၀န်ထမ်းများကို တစ်ရက်လျှင် ရှစ်ထောင် ကျပ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က ၀န်ထမ်းများကို အခကြေးငွေပေးနိုင်ခြင်းမရှိဟုလည်း၎င်းကဆိုသည်။
-
“မဲစာရင်း ပြုစုတဲ့သူတွေ ပိုက်ဆံတစ်ပြားမှ မရဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး ကွန်ပျူတာ စာရင်းသွင်းရတယ်။ မှားလို့သာ အပြစ်တင်တယ်။ အဲလူတွေကို ဘယ်လောက် ထောက်ပံ့ ပေးနိုင်မလဲဆို။ ကျွန်တော့်မှာ ဘတ်ဂျက် မရှိဘူး။ ကျွန်တော်လည်း မပေးနိုင်ဘူး။ အဓိက အဲဒါပဲ။”ဟု ဦးတင်အေးကပြောသည်။
-
ကော်မရှင်အနေဖြင့် နေရာတကာတွင်မေတ္တာရပ်ခံ၍ မဲစာရင်းပြုစုခိုင်း ရခြင်းဖြစ်ကြောင်း ၊ စာရွက်ဖိုး၊ မှင်ဖိုးမျာကို ပင် ၎င်းတို့တင်ပြတောင်းခံ လာသည့်အချိန်မှသာ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ဒေသခံလူထုကပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ ပူးပေါင်းဆောင် ရွက်မှု အားနည်းခြင်း တို့ကိုလည်းကြုံတွေ့နေရသည်ဟု ၎င်းကဆိုသည်။
-
“ရွေးကောက်ပွဲဆိုတာဘာလဲ၊ မဲစာရင်း ကြည့်ရမယ်၊ မဲစာရင်းမှာ မပါရင် ဘယ်လိုလုပ်မလဲ၊ ဒါတွေကို ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အဓိက ကတော့ ဝန်ထမ်း မရှိဘူး။ ဘတ်ဂျက် မရှိဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ ဒါရွေးကောက်ပွဲကော်မရှင် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ဖြစ် တယ်၊ ရွေးကောက်ပွဲမှာအသုံးပြုမယ့် ဘက်ဂျက် ကလည်း နိုင်ငံတကာ အကူအညီမပါသေးဘူး” ဟု ဦးတင်အေးက ပြောသည်။
-
ရွေးကောက်ပွဲရက်များတွင် မဲရုံမှုးကို တစ်ရက်လျှင် ငါးထောင်ကျပ်၊ ဒုမဲရုံမှုး ကို လေးထောင်ကျပ်နှင့် မဲရုံဝန်ထမ်းများကို သုံးထောင်ကျပ်စီ ပေးရန် လျာထားကြောင်းနှင့် နိုင်ငံတကာအဖွဲ့ဝင်အချို့က ရွေးကောက်ပွဲတွင် အသုံးပြုမည့် တံဆိပ်တုံးများအတွက် မှင်၊ မဲပုံးများပိတ်ရန်လုံခြုံရေးကြိုး၊ လျှပ်စစ်မီး မရှိသည့် ဒေသများတွင် မဲရွေတွက်ရာတွင် အသုံးပြုမည့် အင်ဂျင်များ၊ ဆိုလာပြားများနှင့် မဲစာရင်းပြုစုရာတွင် အသုံးပြုမည့် ကွန်ပျူတာများ လှူဒါန်းထားသည် ဟုလည်း ဦးတင်အေးက ဆက်လက်ပြောဆိုခဲ့သည်။
================
The Ladies News Journal

No comments:

Post a Comment