CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 5, 2015
မိမိတို့မပေးနိုင်သည့် လုပ်ခလစာ သတ်မှတ်ပါက စက်ရုံပိတ်သိမ်းမည်ဟု အထည်ချုပ်လုပ်ငန်းရှင်များက အလုပ်သမားဒုဝန်ကြီးအား ပြောကြား
အနည်းဆုံး လုပ်ခ လစာ တစ်နေ့လျှင် ၁၅၀၀ ကျပ် သာ ပေးနိုင်မည်ဟု အဆိုပြုထား သည့် အထည်ချုပ်လုပ်ငန်းရှင် များသည် ၎င်းတို့ မပေးနိုင်မည့် နှုန်းထားကို အနည်းဆုံးလုပ်ခလ စာအဖြစ် သတ်မှတ်ပါက စက်ရုံ များ ပိတ်သိမ်းမည်ဟု မိမိထံသို့ တင်ပြလာကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြောကြား သည်။
ဇွန်လ ၄ ရက်တွင် ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ ဝေး၌ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကိစ္စနှင့်ပတ်သက် ၍ လွှတ်တော်သို့ လာရောက် ရှင်းလင်းရာတွင် ဒုဝန်ကြီးက အ ထက်ပါအတိုင်း ထည့်သွင်းတင်ပြ ခဲ့ခြင်းဖြစ်သည်။‘‘ကျွန်မတို့ မနေ့ကပဲ ဇွန်လ ၃ ရက် CMP အထည်ချုပ်စက်ရုံ များ အသင်းအဖွဲ့က အားလုံးလာ ပြီး ကျွန်မရဲ့ရုံးမှာ ဆွေးနွေးမှုတစ်ခု လုပ်ပါတယ်။ အဲဒါကတော့ ကိန်းဂဏန်းတစ်ခု သတ်မှတ်ခဲ့လို့ သူတို့မလိုက်လျောနိုင်ခဲ့ရင် စက်ရုံပိတ်သိမ်းမယ်ဆိုတဲ့ ကိစ္စကို အဓိကထားဆွေးနွေးကြပါတယ်။ ဒါကြောင့် ညှိနှိုင်းနေတဲ့ ကာလ မှာ နိုင်ငံတော်က ဘယ်လို ဖြေ လျှော့မှုတွေ ပေးမလဲ။ ဒီလိုမှ မဟုတ်ရင် သူတို့အနေနဲ့ စက်ရုံ ပိတ်သိမ်းလိုပါတယ်လို့ တင်ပြ လာပါတယ်’’ ဟု ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကပြောသည်။
ယင်းကဲ့သို့ အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်များ လာရောက်ပြောကြားခြင်းသည် အစိုးရ အပေါ် ဖိအားပေးခြင်းဖြစ်ပြီး ၎င်းတို့အ နေဖြင့် ၀န်ကြီးဌာနအပေါ် ယင်း ကဲ့သို့ ဖိအားပေးလုပ်ဆောင်ရန် မသင့်ကြောင်းနှင့် အဆိုပါ လုပ် ရပ်အပေါ် ၀န်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ သတိပေးတားမြစ်မှု များ ပြုလုပ်ရန်လိုကြောင်း လွှတ် တော်ကိုယ်စားလှယ် အချို့က ပြောသည်။
‘‘၁,၅၀၀ ပဲ ပေးနိုင်မယ်လို့ ပြောတာက မိုက်ရိုင်းလွန်းအား ကြီးတယ်။ အဲဒီ ၁,၅၀၀ ကို သူတို့ ကိုပေးရင် သူတို့ (အထည်ချုပ် လုပ်ငန်းရှင်များ) ကော အဲဒီအ လုပ်သမားတွေနေရာမှာ လုပ်နိုင် မလားလို့ မေးချင်တယ်။ ဒါကို ပိုပေးနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့၊ ညှိနှိုင်းပေးနေတဲ့ ဒုဝန်ကြီးကိုရော၊ ဌာနကိုရော ဒီလို ပြောတာဟာ ဖိအားပေးတာ၊ခြိမ်းခြောက်တာ။ လုံးဝလက်မခံသင့်ဘူး။ ပြတ်ပြတ် သားသား ဆောင်ရွက်သင့်တယ်’’ ဟု ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြော ကြားသည်။
ကွင်းဆင်းစစ်ဆေးတွေ့ဆုံ မှုအရ နိုင်ငံခြားမှ တိုက်ရိုက်ရင်း နှီးမြှုပ်နှံသော အထည်ချုပ်စက်ရုံ များ၊ ဈေးကွက်အတွင်း အမှတ် အသားရှိသော စက်ရုံများအနေ ဖြင့် အနည်းဆုံးလုပ်ခလစာကို တစ်နေ့လျှင်ကျပ် ၃,၀၀၀ မှ ကျပ် ၄,၀၀၀ အထိ ပေးနိုင်သော်လည်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တစ်ဆင့် ခံဆောင်ရွက်သည့် ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် ကျပ် ၁,၅၀၀ သာ ပေးနိုင်သည်ဟု တွေ့ရှိရကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ခြင်းကို ဇွန်လအတွင်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက်နေပြီး အမျိုးသားအဆင့် ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၁၇ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
စက်ရုံအလုပ်သမားများအနေဖြင့် အနည်းဆုံး လုပ်ခလစာကို အစိုးရ၀န်ထမ်းများနှင့် တန်းတူတစ်နေ့လျှင် ၄,၀၀၀ ကျပ်ပေးရန် တောင်းဆိုထားသည်။
7daydaily
မိမိတို့မပေးနိုင်သည့် လုပ်ခလစာ သတ်မှတ်ပါက စက်ရုံပိတ်သိမ်းမည်ဟု အထည်ချုပ်လုပ်ငန်းရှင်များက အလုပ်သမားဒုဝန်ကြီးအား ပြောကြား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment