Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 9, 2015

ထိခိုက် နစ်နာစေအောင် နှောင့်ယှက် သူများကို တရားစွဲဆို သွားမည်ဟု ရွှေရေးထင်ထင် ပြောကြား


ရွှေရေးထင်ထင် က သူအားထိ ခိုက်နစ်နာစေတဲ့ ကိစ္စရပ်များ၊ အ ကြောင်းရာများကို ဖန်တီးသူများ ဆက်လက်ပြီး ဖန်တီးနေ သူများ ကိုElectronic Law အရ လည်းကောင်း ၊ တည်ဆဲ ဥပဒေအရ လည်းကောင်း၊ ပြင်းထန်စွာ အရေးယူ သွားမှာဖြစ် ကြောင်းကိုဖေ့ဘုတ် စာမျက်နှာပေါ် တွင် ရေးသားခဲ့ပါတယ်။ ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေး မြန်းခဲ့ရာ ရွှေရေးထင်ထင်က “ရွှေရေးထင်ထင် ဆိုတဲ့ အကောင့်ရဲ့ အကောင့် အတုတွေ အများကြီးပေါ်လာ ပါတယ်။ ရွှေရေး အယောင်ဆောင်ပြီးတော့ လည်း ပြောနေကြတဲ့ သူတွေလည်း ရှိပါတယ်။ လူရင်းတွေပေါ့နော်။ ဟိုအရင် ကတည်းက ခင်လာကြတဲ့ လူရင်းတွေ ကတော့ ရွှေရေးထင်ထင် အကောင့် အစစ်က ဘယ်သူလဲ ဆိုတာ တော့ သူတို့ သိကြပေမယ့် တခြား သူတွေကကျတော့ ရွှေရေးထင်ထင် အကောင့်အစစ်က ဘယ်ဟာလဲဆို တာကို အမှား အမှန် သူတို့မသိကြဘူး။ ရွှေရေး အယောင်ဆောင်ထားကြတဲ့ ရွှေရေးရဲ့ဓာတ်ပုံတွေရော၊ စာတွေ ကိုရော ယူသုံးပြီးတော့ ရွှေရေး အယောင်ဆောင်နေတဲ့ အကောင့် အတုတွေ က ရွှေရေးဟန်ဆောင်ပြီး စကားတွေပြန်ပြောနေပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ရွှေရေးထင်ထင် အယောင်ဆောင်ထားတဲ့ အ ကောင့်အတုတွေက မသမာမှု တစ်ခုခု မျိုးပြုလုပ် လာခဲ့တယ်ဆိုရင် ဒါတွေ က ရွှေရေးနဲ့ မသက်ဆိုင်ဘူး ဆိုတာ လေးတွေကို ကြိုတင် ကာကွယ်ပြော ပြချင်တဲ့ အနေ နဲ့ရွှေရေး အကောင့် မှာစာလေး တင်ထားတာပါ” လို့ပြော ပါတယ်။
စိတ်အနှောင့် အယှက်ဖြစ်စေ ရမယ့် အကြောင်းအရာတွေကို ပို့ နေတဲ့ အကောင့်တွေ ရှိပေမယ့် လည်း သူရဲ့ ဖေ့စ်ဘုတ် အကောင့်ကို ပဲဆက် လက် အသုံးပြု သွား မှာဖြစ်ကြောင်း ရွှေရေးထင်ထင်က ပြောပါတယ်။

“ရွှေရေးဆီ ကိုဟို အရင်ကတည်းက လည်း fake account တွေနဲ့ စိတ်အ နှောင့်အယှက်ဖြစ်စေမယ့် စာတွေ အများကြီး ပို့ကြတယ်။ အကောင့် အတုတွေနဲ့ ပို့တာဖြစ်တဲ့ အတွက် လျစ်လျူ ရှုလိုက်တယ်။ block လိုက်တယ်။တစ်ခု block လိုက်ရင် နောက် ထပ်အကောင့်သစ်များ စွာဖွင့်ပြီး ရွှေရေးဆီ ကို စိတ် အနှောင့်အယှက် ဖြစ်စေမယ့် စာတွေ ထပ်ပြီး ပို့လာကြ တယ်။ အခုနောက်ပိုင်းကျတော့ အကောင့်တွေဆီ က ပို့ လာတဲ့စာတွေ က ပိုပြီး စိတ် အနှောင့်အယှက်ဖြစ် စ ရာကောင်းလာတယ်။ သူတို့ စာထဲမှာ ခြိမ်းခြောက်တဲ့ သဘော ဆန်တာလေး တွေ ရှိလာတယ်။ သူတို့ ဘက်ကရွှေရေး အမည်နဲ့ ဂုဏ်သိက္ခာကို ထိခိုက် အောင် မသမာမှု တစ်ခုခုများ ပြုလုပ် လာခဲ့မယ် ဆိုရင် ရွှေရေး ဘက်ကနေ ပြီးတော့ Electronic Law အရ၊ တည်ဆဲ ဥပဒေအရ ရွှေရေးဘက် ကပြန်လည် တုံ့ပြန်သွား မှာဖြစ်ပါတယ်။ ရွှေရေး ရဲ့အကောင့်ကို ပဲရွှေရေး ဆက်လက်ပြီး အသုံးပြုသွားမှာပါ။ ရွှေရေး ရဲ့အခုသုံးနေတဲ့ အကောင့်လေးကို တန်ဖိုးလည်း ထားပါတယ်။ တအားလည်း နှမြောပါတယ်။ ဒီအ ကောင့်လေးကိုပဲ ဆက်ပြီး ထိန်းသိမ်း သွားမယ်။ အ ကောင့်သစ်ဖွင့်ဖို့ စိတ်ကူး မရှိပါဘူး။ ရွှေရေးရေးထားတဲ့ စာ တွေ၊ကဗျာတွေ ကိုနှစ်သက်လို့ share ယူ တယ် ဆိုရင်ရွှေရေး လည်းနှစ်သက် ဝမ်းမြောက်မိမှာပါ။ အဲဒီလို မဟုတ်ဘဲ နဲ့ ရွှေရေးရဲ့ရေးထားတဲ့ စာတွေကို ရွှေရေး အယောင်ဆောင်ပြီး တော့ အသုံးပြုတယ် ဆိုတာဟာ မူပိုင်ခွင့်ကို ချိုးဖောက် ရာကျပါ တယ်။ မူပိုင်ခွင့်ကို ထိပါးတဲ့ အတွက် ကြောင့်မို့ လို့ရှေ့ဆက်ပြီး ဒီလိုတွေ လုပ်လာမယ် ဆိုရင်ရွှေရေးဘက် ကတရားဥပဒေ နည်းလမ်းအရ ဖြေရှင်း သွားမှာဖြစ်ပါ တယ်”လို့ ပြောပါတယ်။
လွင်လွင်ထွန်း၊
ဓာတ်ပုံ- မင်းမင်းထွန်း
http://www.popularmyanmar.com

No comments:

Post a Comment