Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 26, 2015

အလိမ်ခံလိုက်ကြရပြန်ပြီ တခါ ....

 by ယဉ်မူအေး

ဇွန်လ(၁၅) ရက်နေ့တွင် 7 day news journal တွင် ဖော်ပြခဲ့သော ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချူ ပ်လမ်းထောင့်ရှိ Sakura Tower တွင်ရုံးခန်း
ဖွင့်လှစ် ထားသော Global growth investment company ၏လိမ်လည်မှူ့ မှာအင်မတန် အံ့အားသင့်
စရာကောင်းပါ၏။ ပြည်ပမှလာရောက်လိမ်လည်သူ
ထက်မြန်မာအချင်းချင်းပြည်တွင်းမှလိမ်လည်သူများ သည်အမှန်တကယ် ကြောက်စရာပါ။ ထိုcompany
ကိုမြန်မာနိုင်ငံအတွင်းတွင်၂နှစ် တာကာလလာရောက်လည်လိမ်ရန် အတွက်2008ခုနှစ်တွင်
INTERPOL မှ wantedထုတ်ထားသော Hong Kong နိုင်ငံသား NG KWOK FAI အား နိုင်ငံအတွင်းသို့
ဝင်ခွင့်ပေးသော လူဝင်မှူ့ကြီးကြပ်ရေးအားလည်းကောင်း မြန်မာနိုင်ငံ အတွင်းယခုကဲ့သိုလိမ်လည်မှူ
အကြီးကြီးဖြစ်အောင်စီးပွါးရေးလုပ်ခွင့်ပြု သော နိုင်ငံတော်အား လည်းကောင်း အတူတကွ စီးပွါးတွဲဖက်လုပ်ကိုင်ခဲ့ သော ဒေါ်ခင်အေးလွင်(ယခင်M.D)နှင့် ယခုလက်ရှိ တာဝန်မယူဘဲခေါင်းရှောင်နေသော
သူမ၏မောင်တော်စပ်သူ ဦးဇော်ဝင်းလွင်(M D) အားလည်းကောင်း ယင်းတို့ဖက်မှမမှန်မကန် ရပ်တည်လျှက်ရှိသော စီးပွါးတွဲဖက်လုပ်ကိုင်သူ ဒေါ်သော်တာနှင့်မန်နေဂျာ စတိဗ်ဆိုသူအား လည်းကောင်း မည်သူမှ အပြစ်ယူ၍ မရနိုင်ပါ၏လော။ အလွန်တရာမှတာဝန်မဲ့လွန်းလှစွာရင်းနှီးမြှု ပ်နှံ
သူများ၏လက်ကျန်ငွေကြေးများအားတစုံတရာ ရှင်းလင်းခြင်း အသိပေးခြင်း တောင်းပန်ပြောဆိုခြင်း မရှိပါဘဲ တိမ်းရှောင်နေသည်မှာ မြန်မာအချင်းချင်း ရက်စက်ရာကျလွန်းလှပါသည်။ ရင်းနှီးမြှု ပ်နှံသောသူ
လူတဦးတယောက်ချင်းစီတွင် ငွေပိုငွေလျှံ ရှိ၍ ထည့်ဝင်သူများပါဝင်သလို အကျိုးအမြတ်အနည်းငယ် လေး အားမျှော်ကိုး၍မိသားစုအခက်အခဲ နှင့်ခြစ်ကုပ် ထည့်ဝင်သောသူများလည်း အမျိုးစားပေါင်းစုံ ပါဝင် ကြ ပါသည်။ မည်သို့ ပင်ဖြစ်စေ မိမိတို့ ၏ပိုင်ဆိုင်မှူ့  အားသူတပါးထံမည်သူမှအလကားမပေးလိုကြပါ ။ လူများစွာ၏ ချွေးနှဲစာကိုလိမ်လည်လှည့်ဖျားသူများ အားကိုယ်တွေ့ခံစားနေရပါရဲ့ မြင်နေရပါရဲ့ လူအများ သိနေပါရဲ့ဖြင့် ဥပဒေအရအရေးယူရန်မှာ မြန်မာ နိုင်ငံ၏ ဥပဒေလမ်းကြောင်းသည် ပြည်သူ့ အတွက်မှ ဟုတ် ပါ ၏လော ဆိုရလောက်အောင် လုပ်ထုံးလုပ်နည်း
ရှူ ပ်ထွေးကာ မမှန်မကန် ဆုံးဖြတ်ကြသည်များကရှေ့ တွင်သာဓကများနှင့် မယုံကြည်စရာ အားမကိုးချင်စရာ ကောင်းလှ၏။ထို့အတွက်ကြောင့် လူအများသိစေရန် လိမ်လည်လှည့်ဖျားသူများ၏ လက်ရှိလုပ်ကိုင် လျှက်ရှိသော COMPANYများအားFBမှတင်လိုက်ခြင်း ဖြစ်၏။ ကျမသည်ဤCOMPANYတွင်ရင်းနှီးမြှုပ်နှံထား
သူဖြစ်ပြီး နစ်နာသူတယောက်လည်းဖြစ်၍လူအများ ကျမတို့ ကဲ့သို့ မခံစားရစေရန်ရေးသားတင်ပြခြင်းဖြစ် ပါသည်။ထိုသူတို့လက်ရှိလုပ်ကိုင်လျှက်ရှိသောအခြား company ၃ခုသည် Singapore basementများဖြစ်၍ လိပ်စာသည်လည်းတခုထဲသာဖြစ်သည်။


No comments:

Post a Comment