Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 26, 2015

လူရွှင်တော်အဖြစ် က,မယ့် မင်းသမီးငါးဦးရဲ့ရင်ခုန်သံ


Byဇွဲဉာဏ်

နာမည်ကျော်မင်းသမီး များ လူရွှင်တော်အဖြစ် ပါဝင်ကပြ မည့် အငြိမ့်ခွင်ကို ဇူလိုင် ၃ ရက် တွင် ကျရောက်မည့် အမျိုးသမီး များနေ့အထိမ်းအမှတ် ဝတ်စား ဆင်ယင်မှုပြပွဲ၌ တင်ဆက်တော့ မည်ဖြစ်သည်။ အကယ်ဒမီ မင်းသမီးများပါဝင်သောကြောင့် အငြိမ့်ခွင်၏အမည်ကို အကယ်ဒ မီရွှေပန်းချီဟု အမည်ပေးထားပြီး ဒါရိုက်တာအဖြစ် လူရွှင်တော် ဒိန်းဒေါင်က တာဝန်ယူထားသည်။ ယင်းအငြိမ့်အစီအစဉ်ကို ဇွန်လ ၂၇ နှင့် ၂၈ ရက်ညများတွင် အမျိုးသားကဇာတ်ရုံ၌ တင်ဆက်မည် ဖြစ်သည်။ ထို့ကြောင့် လူရွှင်တော် အဖြစ် ပါဝင်တင်ဆက်မည့် မင်း သမီး ငါးဦး၏အငြိမ့်နှင့်ပတ်သက် သည့်ခံစားချက်များကို   တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

စိုးမြတ်သူဇာ

မကြီးတို့အနေနဲ့ကျတော့ မင်းသမီးတွေလည်းဖြစ်ပြန်၊ ဒါမျိုးက လုပ်နေကျလည်းမဟုတ်။ အ ငြိမ့်ဆိုတာ အင်မတန်ခက်ခဲပါ တယ်။ အဲဒါတွေကို ပရိသတ်နား လည်အောင်၊ ပရိသတ်ပွဲကျ အောင် လုပ်ဖို့က တော်တော်ခက် ခဲတဲ့ကိစ္စ။ ရုပ်ရှင်ရိုက်တာနဲ့လည်း တခြားစီဆိုတော့။ ဒါပေမဲ့လည်း အခက်အခဲတွေကြားထဲက အချိန် ပေးပြီး ကြိုးစားထားပါတယ်။ နား လည်စွာနဲ့ အားပေးပါလို့။

စိုးမိုးကြည်

ဒါက ပထမဆုံးအကြိမ်လုပ် ဖြစ်တာပါ။ အစ်မမြတ်မြတ်ဦး (ပွဲ စီစဉ်သူ)က အမျိုးသမီးရေးရာပွဲ မှာ လူရွှင်တော်လုပ်ရမယ်ဆိုတာ နဲ့ လုပ်ဖြစ်သွားတာပါ။ အနုပညာ တော့ အနုပညာ။ ဒါပေမဲ့ ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး။ ဗီဒီယိုရိုက် ရတာနဲ့လည်း မတူဘူး။ အစ်မတို့ က စတိတ်ပေါ်မှာ တက်ပြီး တိုက် ရိုက် ပရိသတ်နဲ့ တွေ့ရမယ်ဆို တော့ တစ်မျိုးပေါ့။ ပြဇာတ်တွေ တော့ ကဖူးတယ်။ ဒါကတော့ အ ချိတ်အဆက်လေးတွေမိအောင် ပျော်ပျော်ပါးပါးလည်းဖြစ်၊ အား လုံးကိုလည်း ဖျော်ဖြေမှုလေးတစ် ခု၊ ရယ်စရာလေးလုပ်ပြရမယ်ဆို တော့ နည်းနည်း စိတ်လှုပ်ရှား တယ်။ အတတ်နိုင်ဆုံးတော့ ကြိုး စားထားပါတယ်။ ဒါရိုက်တာ ကို ဒိန်းဒေါင်သင်ပေးတဲ့စကားတွေ ရော၊ ကိုယ်လိုချင်တာတွေရော စုစည်းပြီး အတတ်နိုင်ဆုံး အဆင် ပြေအောင် လူရွှင်တော်ဆိုတဲ့ သ ဏ္ဌာန်လုပ်သရုပ်တူရမှာလေးကို ကြိုးစားထားပါတယ်။

ခင်ဇာခြည်ကျော်

ဒီပွဲမှာက နှစ်တိုင်းလည်း ပါ ဝင်ဖြစ်နေတော့ ဒီပွဲစီစဉ်တဲ့အစ်မ တွေကလည်း ဇာလေးကိုတောင် မမေးဘူး။ ဒီအစီအစဉ်လေးမှာ ထည့်ထားတယ်။ နောက်ပြီး အ ကယ်ဒမီရွှေပန်းချီဆိုတာ အကယ်ဒမီမင်းသမီးတွေကို တင်စားပြီး လုပ်တာပေါ့။ မကြီးစိုးဆိုရင်လည်း ပထမဆုံးအကြိမ်၊ အစ်မဆိုလည်း ပထမဆုံး။ အစ်မအနေနဲ့ကတော့ ကိုယ်မလုပ်ဖူးတဲ့ အလုပ်တစ်ခုကို လုပ်ရတာဆိုတော့ စိတ်လှုပ်ရှား တယ်။ အရမ်းလည်း ရင်တွေခုန် နေတယ်။ အရမ်းဒိုင်ယာလော့ခ် ရတဲ့သူတောင်မှ စာလေးတစ် ကြောင်း နှစ်ကြောင်းလေးကို အစ်မမေ့တယ်။ စင်ပေါ်ရောက်ရင် အဲဒီလိုဖြစ်မလားဆိုတဲ့ စိတ်တွေ လည်း ဝင်တယ်။ အတတ်နိုင်ဆုံး တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ တစ်ယောက် နဲ့တစ်ယောက် အပေးအယူမျှ အောင်လည်း သူ့ခွင်နဲ့သူ ချထား ပေးပြီးသား။ ဒါရိုက်တာ ကိုဒိန်း ဒေါင်က သူ့ပလော့ခ်လေးတွေနဲ့ သူ သေသေချာချာစီစဉ်ပြီး ဘယ် လိုပြက်ရမလဲဆိုတာ ပြပေးတယ်။ အကုန်လုံးလည်း သင်ပေးပါ တယ်။

မြတ်ကေသီအောင်

ခက်တာတော့ခက်တယ်။ အစ်မတို့လည်း သိပ်မကျွမ်းကျင် တဲ့အလုပ်ဆိုတော့ တိုက်တော့ တိုက်ထားတာပဲ။ ဒါပေမဲ့ စိတ် တော့ပူတယ်။ ဒီပွဲအတွက် ခေါ်လို့လုပ်ပေးဖြစ်တာပါ။ အစ်မက ဒီ တစ်ကြိမ်နဲ့ဆိုရင် လူရွှင်တော်လုပ် တာ သုံးကြိမ်ရှိပြီ။ ဒီပွဲအတွက် စိတ်လည်းပူတယ်။ ကြောက် လည်း ကြောက်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အစ်မတို့က သူများ တွေရဲ့အက်တင်တွေကို အပြောင် အပြက်လုပ်ပြရမှာတွေပါတော့ မတူမှာတို့၊ လွဲသွားမှာတို့ အဲဒါ တွေတော့ စိုးရိမ်တယ်။ အခုချိန် ထိတော့ ကြောက်နေတာပဲ။

ဆုပန်ထွာ

မပန်ကို ပထမတုန်းက ကို ဂျွန်လွင်က ရှိုးလျှောက်ဖို့ဆိုပြီး ပြောထားတာ။ နောက်တော့ အန် တီမြတ်မြတ်ဦးကနေ ဒီပွဲအတွက် လူရွှင်တော်လုပ်ပေးဖို့ ပြောတယ်။လူရွှင်တော်တော့ သမီးမလုပ်ရဲ ဘူး။ သရုပ်ဆောင်တာ၊ ဟာသ လုပ်တာကတစ်မျိုး။ လူရွှင်တော် ဆိုတာက စင်ပေါ်မှာ Live လုပ်ရ မှာဖြစ်တဲ့အတွက် အဆင်မပြေ နိုင်ဘူးလို့။ အန်တီမြတ်မြတ်ဦးက သမီးကြိုးစားပေးပါ။ မစိုးကြီးတို့၊ ချစ်ကေကြီးတို့၊ မစိုးမိုးတို့၊ မဇာ လေးတို့၊ မခိုင်လေးတို့ အကြီး တန်းတွေထဲမှာ နင့်ကို ထည့်ထား တာ။ မရဘူး၊ လုပ်ပေးရမယ်ဆို တော့ လုပ်ပေးဖြစ်တာ။ အစ်မတို့ ကြိုးစားပြီးတော့ လုပ်ကြတယ်။ တစ်ခါတလေ ပြက်လုံးကျင့်နေ ရင်းနဲ့ အိုက်တင်သာ ပြေးလုပ် လိုက်ချင်တယ်။ လူရွှင်တော်မ လုပ်ချင်ဘူးလို့ ပြောဖြစ်တယ်။ လူရွှင်တော်လုပ်ရတာက အရမ်းတာ ဝန်ကြီးတယ်။ တစ်ယောက်နဲ့တစ် ယောက်က အချိတ်အဆက် လည်း မိရမယ်။ တစ်ယောက်က ပြောလိုက်ရင် ချက်ချင်းပြန်ပြော နိုင်ရမယ်။ အဲဒီလိုမျိုးဆိုတော့ အစ်မအတွက်ကတော့ ခက် တယ်။ လူရွှင်တော်လုပ်တာလည်း ဒါက ဘဝမှာ ပထမဆုံးပဲ။

http://7daydaily.com/story/40503







photo
Supan Htwar

No comments:

Post a Comment