CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, June 25, 2015
ဘုတလင်မြို့ စီပါကျေးရွာမှ အရှင်ပညာစက္က အမည်ခံ ဒုသီလ အကျင့်ပျက်ရဟန်းတုကြောင့် ရွာသူမိန်းကလေး ဘ၀ပျက်ရ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာ ရွာဦး၌ ရွှေဘုံသာကျောင်းရှိပြီး ထိုကျောင်းကြီး၏ ပဓာန နာယကဆိုသူမှာ အရှင်ပညာစက္ကဘွဲ့ခံ ဦးအေးထွန်းသည် မထွန်းထွန်းမြင့်အား ဖျားယောင်းသွေးဆောင်၍ ကာမဆက်ဆံရာမှ ကိုယ်လေးလက်ဝန် ၄ လခန့် ရှိနေကြောင်း “အမျိုးသားလွှတ်တော် နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကော်မတီ” ဥက္ကဌ ဦးမန်းအောင်တင်မြင့် ထံ မေ ၁၄ နေ့စွဲဖြင့် ပေးပို့သော အသနားခံစာမှ သိရသည်။
ဦးအေးထွန်းမှာ အသက် ၃၀ ကျော်ခန့်ရှိပြီး ရွာထဲရှိ မုဆိုးမ ဒေါ်အေးမြင့်၏သမီး ရုပ်ရည်ရူပကာရှိသည့် မထွန်းထွန်းမြင့်ထံသို့ အမြဲလည်ပတ်လေ့ရှိပြီး ညသန်းခေါင်ကျော် လင်းအားကြီးအချိန်မှ ကျောင်းသို့ ပြန်ကြွလေ့ရှိကြောင်း ၎င်းအသနားခံစာတွင် ပါရှိသည်။
မထွန်းထွန်းမြင့်၏ အုပ်ချုပ်သူဖြစ်သော အဖေ ညီအစ်ကိုအရင်းမွေး ၀မ်းကွဲအစ်ကိုတော်စပ်သူ ကိုမင်းမင်းဇော်သည်လည်း ရပ်ဝေးမြေခြားတွင် အလုပ်သွားလုပ် နေသူဖြစ်ပြီး မိခင်အိုနှင့်အတူ နေထိုင်နေသူ ဖြစ်သည်။
ယခုအခါ မထွန်းထွန်းမြင့်အား ဖျားယောင်းသွေးဆောင်ခြင်းကြောင့် ကိုယ်လေးလက်ဝန် ၄ လကျော် ၅ လခန့်ရှိနေပြီး သူမ ၏ကိုယ်ဝန်မှာ ဘုန်းကြီးတု ပညာစက္က ခေါ် ဦးအေးထွန်းကြောင့်ဖြစ်ကြောင်း၊ ရပ်ရွာ လူကြီးများထံ တိုင်ကြားပြီး အများသူငါလည်း ရိပ်မိသိရှိကြပြီးဖြစ်ကြောင်း၊ ထိုဘုန်းကြီးမှာ ကျောင်းတွင် အပေါ် စက်အောက်စက်ဖြင့် ဘောလုံးပွဲကြည့်ခြင်း၊ ဘောလုံးပွဲလောင်းခြင်း၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ အဖမ်းခံရပါကလည်း သာသနာတော်ဆိုင်ရာ ဆိုင်ကယ်ဖြစ်ကြောင်း လိမ်လည်ထွက်ဆိုပေးပြီး ဆိုင်ကယ်တစီးလျှင် တသိန်းခွဲယူသည်ကို ပိုင်ရှင်များက ပြောကြားကြကြောင်းတို့လည်း အဆိုပါစာတွင် ဆက်လက်ရေးသားထားသည်။
ထိုသို့ ကိုယ်လေးလက်ဝန် ၄၊ ၅လခန့် ရှိနေပြီဖြစ်သောကြောင့် ဦးအေးထွန်းအနေနှင့် လူဝတ်လဲပြီး ၎င်းအား သားမှတ်မှတ်၊ မယားမှတ်မှတ် ပေါင်းသင်းပါရန် အကြိမ်ကြိမ်လျှောက်ထားခဲ့သော်လည်း ငြင်းဆိုခဲ့သည်ဟု ဆိုသည်။
ယခု မထွန်းထွန်းမြင့်၏ကိစ္စနှင့်ပတ်သက်၍ မြို့နယ်သံဃာ့ နာယကအဖွဲ့သို့ ထပ်မံတိုင်ကြားသောအခါ ''မြို့နယ် သံဃ၀ိနစ္ဆယအဖွဲ့ ဖွဲ့ရမည်။ သံဃာအပါး ၅၀ ပါဝင်မည်။ ၅ ကြိမ် စည်းဝေးရမည်။ တကြိမ်လျှင် ကျပ်ငွေ ၂ သိန်းကုန်ကျမည်။ ထိုကုန်ကျငွေကို တရားလိုက တ၀က်၊ တရားခံက တ၀က်ကုန်ကျရမည်။''ဟု မိန့်ကြားကြောင်း သိရသည်။
ထို့ကြောင့် ဆင်းရဲနွမ်းပါးသော မထွန်းထွန်းမြင့်မှာ ရပ်ရွာထဲတွင် အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး အားကိုးရာမဲ့သူကို စော်ကားသော တရားခံအား တိုင်ကြားပါလျက် အရေးမယူနိုင်ဖြစ်နေသောကြောင့် ၂၀၁၅ မေလ ၁၄ ရက်က နေပြည်တော် အမျိုးသားလွှတ်တော်ရှိ “နိုင်ငံသားများမူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကော်မတီ” ဥက္ကဋ္ဌ၊ ဦးမန်းတင်အောင်မြင့်ထံသို့ ထပ်မံတိုင်ကြားထားကြောင်း သိရှိရသည်။
(မှတ်ချက် - “အမျိုးသားလွှတ်တော် နိုင်ငံသားများ မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကော်မတီ” ဥက္ကဌ ဦးမန်းအောင်တင်မြင့် ထံ မေ ၁၄ နေ့စွဲဖြင့် ပေးပို့သော ထိုက်တန်စွာ အရေးယူပေးပါရန် တိုင်ကြားစာကို အခြေခံသတင်းရေးသားခြင်းဖြစ်သည်။ ဓါတ်ပုံမှာ သရုပ်ဖော်ပုံသာ ဖြစ်သည်။)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဘုတလင်မြို့ စီပါကျေးရွာမှ အရှင်ပညာစက္က အမည်ခံ ဒုသီလ အကျင့်ပျက်ရဟန်းတုကြောင့် ရွာသူမိန်းကလေး ဘ၀ပျက်ရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment