Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာယူ-၂၃ အသင်းကို ပစ်စလက်ခတ် တာဝန်ပေးခြင်းဟု အုပ်ချုပ်သူ ဦးသန်းတိုးအောင် ဝေဖန်


၂၈ ကြိမ်မြောက် ဆီးဂိမ်းဘောလုံး ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့သော မြန်မာယူ-၂၃ အသင်းသည် ယနေ့ ညနေ ၃နာရီ အချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိလာခဲ့သည်။ ထို့နောက် ဘောလုံးအသင်း၏အောင်မြင်မှု သည် နိုင်ငံစီးပွားရေးနှင့် တိုက်ရိုက်တိုက်ဆိုင်ကြောင်းနှင့် လက်ရှိ မြန်မာယူ-၂၃ အသင်းအား ဆီးဂိမ်းပြိုင်ပွဲစေလွှတ်ခြင်းမှာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော်မှလွဲ၍ ပစ်စလက်ခပ် တာဝန်ပေးခြင်း ဖြစ်ကြောင်း မြန်မာယူ-၂၃အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်က ဝေဖန်ပြောကြား သွားခဲ့သည်။
ငွေတံဆိပ်ဆုရှင် မြန်မာယူ-၂၃ အသင်းနှင့် ပတ်သက်၍ မြန်မာလက်ရွေးစင် ကစားသမားဟောင်း၊ လက်ရှိ မြန်မာယူ-၂၃ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောကြားရာ “ ကျွန်တော်တို့ အသင်းဟာ ထိုင်းကို အနိုင်ရရှိဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ကစားသမားတွေဟာ သူတို့မှာရှိတဲ့ စိတ်ဓာတ်၊ကစားအားကို ရှိတာထက်ပိုပြီး ထုတ်သုံးခဲ့ပါတယ်။ ဒါက ပြောရမယ်ဆိုရင် အဓိက ကတိုင်းပြည်ရဲ့စီးပွားရေးပေါ့။ (National Economy) လို့ခေါ်တဲ့ တိုင်းပြည်စီးပွား ရေးက တိုက်ရိုက် တိုက်ဆိုင်နေပါတယ်။ ထိုင်းလိုသာ ကျွန်တော်တို့ ချမ်းသာမယ်ဆိုရင် ၁၀ဂိုးလောက် ပြန်သွင်းပလိုက်မယ်” ဟုပြောကြားခဲ့သည်။
ထို့နောက် မြန်မာယူ-၂၃ အသင်းအုပ်ချုပ်နည်းပြ အဖွဲ့နှင့် ပတ်သက်၍ ထပ်လောင်းပြောကြားရာ “ ကျွန်တော်တို့ ပြိုင်ပွဲပြီးသွားပါပြီ။ Game Over ဖြစ်သွားပြီ။ ကျွန်တော်နဲ့ ကိုကြည် ဒီရာထူးက နှုတ်ထွက်မှာပါ။ နောက်ပြိုင်ပွဲအတွက် ထပ်ပြီး ကမ်းလှမ်းလာရင် စဉ်းစားသွားမယ်။ အခု ဆီးဂိမ်းပြိုင်ပွဲလို တာဝန်ပေးရင် တော့မစဉ်စားတော့ပါဘူး၊ ကျွန်တော်တို့ကို ပစ်စလက်ခတ် တာဝန်ပေးတယ်လို့ထင်တယ်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်ကလွဲရင်ပေါ့”ဟု ဦးသန်းတိုးအောင်က သုံးသတ်ပြောကြားသွားခဲ့သည်။
DVB TV NEWS

No comments:

Post a Comment