Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 16, 2015

ဖို့တ်ဝိန်းမြို့တွင် ပထမဆုံး မြန်မာမူစလင်ပလီဖွင့်လှစ်

မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော လူမျိုးစုံ နေထိုင်သည့် အင်ဒီယာနာပြည်နယ်၊ ဖို့တ်ဝိန်းမြို့တွင် ပထမဆုံး မြန်မာပလီကို မေလ ၂၄ ရက်၊ တနင်္ဂနွေနေ့က ဖွင့်လှစ်ရာ ဖို့တ်ဝိန်းမြို့ဝန် တွမ် ဟင်နရီ၊ ရဲမှူးကြီး ဂယ်ရီ ဟမ်မီလ်တန်နှင့် ဧည့်ပရိသတ် ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ဖို့တ်ဝိန်းမြို့နေ မြန်မာမူစလင် မိသားစုများသာမက နယူးယောက်၊ တက္ကဆက်စ်နှင့် ဗာဂျီးနီးယားပြည်နယ်များမှလည်း အခမ်းအနားသို့ လာရောက်ခဲ့သည်ဟု သိရသည်။ ဤပလီသစ်သည် မြန်မာမူစလင်များက အမေရိကန် ပြည်ထောင်စုတွင် ပထမဆုံး တည်ထောင်သော ပလီအဖြစ် သမိုင်းမှတ်တမ်းဝင်မည်ဟု ဆိုပါသည်။
ဖို့တ်ဝိန်းမြို့တွင် ပထမဆုံး မြန်မာမူစလင်ပလီဖွင့်လှစ်ဖို့တ်ဝိန်းမြို့တွင် ပထမဆုံး မြန်မာမူစလင်ပလီဖွင့်လှစ်“အစ္စလာမ်၏ လင်းရောင်ခြည်” ဟု အဓိပ္ပာယ်ရသော မာ့စ်ဂျစ်ဒ် နူးရ် အူလ်-အစ္စလာမ်ကို တည်ထောင်ရန် ၂၀၁၀ ခုနှစ်ကတည်းက ကြိုးပမ်းလာခဲ့ပြီး ၅ နှစ်အကြာတွင် စတင်ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်။ ပလီသစ် တည်ဆောက်ရေးအတွက် အဆင့် ၄ ဆင့် စီမံကိန်းဖြင့် လုပ်ဆောင်ခဲ့ရာတွင် ပထမဆင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု သိရ၏။
တစ်ဆင့်ချင်း ဆက်လက်အကောင်အထည်ဖော်မည် ဖြစ်ပြီး စတုတ္ထ နောက်ဆုံးအဆင့် ပြီးမြောက်လျှင် စာသင်ကျောင်း၊ ဝတ်ပြုစရာနေရာမျာလည်း ထပ်မံ တိုးချဲ့မည် ဖြစ်ပါသည်။ ယခုလောလောဆယ်တွင် အာရဗီကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ဝတ်ပြုရှိခိုးနေပြီး မြန်မာလူမျိုး အင်မမ်ခေါ် ပလီဆရာ မရှိသေးချေ။ မကြာမီကာလတွင် မြန်မာပလီဆရာ ရောက်ရှိလာမည်ဟု မျှော်လင့်လျက်ရှိသည်။
ပလီတည်ဆောက်ရန် ကုန်ကျငွေ ဒေါ်လာ ၁.၁ သန်းခန့်ရှိသည်ဟု ဖို့တ်ဝိန်းမြို့၊ မြန်မာမူစလင်အသိုင်းအဝိုင်း၏ ပြောခွင့်ရသူ ကိုရဲဝင်းလတ်က ပြောကြားပါသည်။ အများစုမှာ အစ္စလာမ်ဘာသာဝင်များ၏ အလှူငွေ ဖြစ်သည်။ ဒေါ်လာ ရာဂဏန်း၊ ထောင်ဂဏန်း လှူဒါန်းသူများ ရှိသော်လည်း လစဉ်အလှူငွေများ မှန်မှန်ကောက်ခံပြီး တည်ဆောက်နိုင်ခြင်း ဖြစ်သည်။
ဖို့တ်ဝိန်းမြို့တွင် မြန်မာနိုင်ငံမှ ပြောင်းရွှေ့လာသော လူမျိုးပေါင်းစုံ ၇,၀၀၀ မှ ၈,၀၀၀ ခန့်နေထိုင်လျက်ရှိ၍ ၎င်းတို့အနက် ၂,၀၀၀ ခန့်မှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်၏။ မာ့စ်ဂျစ် နူး အူလ်-အစ္စလာမ် (အစ္စလာမ်၏ လင်းရောင်းခြည်) ပလီသစ်ဖွင့်ပွဲအခမ်းအနားတွင် ကြွရောက်လာသူများအား ဒံပေါက်ထမင်း၊ အမဲသားဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

No comments:

Post a Comment