Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 15, 2015

ပရီစနစ်နဲ့ ဈေးကွက်ကို ထိုးဖောက်မယ့် လူစိမ်းဇာတ်ကား

Byဇွဲဉာဏ်
ဗီဒီယိုဇာတ်ကားများကို မူပိုင်စနစ်နှင့်သာ ဖြန့်ချိလေ့ရှိ သော်လည်း မကြာမီ ဖြန့်ချိမည့် ‘လူစိမ်း’ဗီဒီယိုဇာတ်ကားကို တစ်နိုင်ငံလုံးသို့ ပရီ စနစ်ဖြင့် တစ်ပြိုင်တည်း ဖြန့်ချိပေးမည်ဖြစ်ကြောင်း ထားဝယ် ထုတ် လုပ်ရေးမှ ဦးစိုးသန်းက ပြောသည်။
‘‘ဈေးကွက်ပျက်နေတာ ကြောင့် ပရီစနစ်နဲ့ပြောင်းပြီး ဖြန့် ဖို့ စီစဉ်ဖြစ်တာပါ။ ပရီစနစ်နဲ့ဖြန့် ရင် တစ်နိုင်ငံလုံး တစ်ရက်တည်း မှာ အပြီးဖြန့်မှာ ဖြစ်တဲ့အတွက် အရင် မူပိုင်စနစ်လိုမျိုး တစ်နေရာ ထွက်တဲ့ရက်ချင်း မတူတာမျိုး လည်း မရှိဘဲ အားလုံး တစ်ပြိုင် တည်း ကြည့်နိုင်မှာပါ’’ဟု ၎င်းက ပြောသည်။
ယင်းဇာတ်ကားကို ပရီစနစ် ဖြင့် တစ်ပြိုင်တည်း ဖြန့်ချိမည်ဖြစ် ၍ နယ်များမှ အခွေအမှာများကို စောင့်နေရသောကြောင့် ဇာတ် ကားထွက်ရက်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။
ဇာတ်ကားအရည်အသွေး ပိုင်းအနေဖြင့်လည်း ငှားရမ်းကြည့်ရှုရသည့် အခွေများထက် အရည် အသွေးပိုင်းကောင်းမွန်သည့် ဒီဗီ ဒီ-နိုင်းအခွေများဖြင့် ထုတ်လုပ် ပေးမည်ဖြစ်ပြီး ရောင်းဈေးကို ကျပ်နှစ်ထောင်ခန့် သတ်မှတ်ထားကြောင်း ဦးစိုးသန်းက ပြောသည်။
‘‘ပရီစနစ်နဲ့စပြီး လမ်းဖောက်တာ။ တကယ်တော့ ဒါက အင်တာနေရှင်နယ်နည်းပါပဲ။ နိုင်ငံခြား ကားတွေလိုပဲ ဝယ်ကြည့်ရမယ်။ ဆိုင်မှာ ငှားကြည့်စရာမလိုတော့ ဘူး။ နောက်ပြီး အော်ရီဂျင်နယ် အခွေဖြစ်တဲ့အတွက် ကူးခွေလို မဟုတ်ဘဲ အသံရော၊ အရုပ်ရော ကောင်းကောင်းကြည့်ရမယ်’’ဟု လူစိမ်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် နေတိုးက ပြော သည်။
ယင်းဇာတ်ကားတွင် နေတိုး နှင့် မိုးဟေကိုတို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး မိုးနီလွင်၏ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးထားခြင်းဖြစ်သည်။
‘‘လက်ရှိ အနေအထားတစ်ခုမှာ ဇာတ်ကားတစ်ကားအောင်မြင် ပြီ၊ ပရိသတ်စိတ်ဝင်စားပြီဆိုရင် မဖြစ်မနေ ငှားကြည့်ကြတယ်။ ကွာလတီကောင်းကောင်း ကြည့် ခွင့်ရမယ်ဆိုရင် ဝယ်မယ်ဆိုတဲ့ အနေအထားမျိုး။ အဓိကကတော့ ကျွန်တော်တို့ဘက်က ဝယ်ချင် လောက်တဲ့ အရည်အသွေးဖြစ်ဖို့ တော့ လိုတယ်’’ဟု နေတိုးက ပြောသည်။
၁၉၈၀ ဝန်းကျင်တစ်ဝိုက် ဗီဒီယိုနှင့် ကက်ဆက်ခွေစီးရီး ခေတ်ဦးတွင်   ပရီစနစ်  သုံး၍ အပြတ်ရောင်းချသည့် စနစ်ဖြင့် ထုတ်လုပ်သူများက အသုံးပြုခဲ့ပြီး ၁၉၉၀ နောက်ပိုင်းတွင် မူပိုင်စနစ် ဖြင့် ဒေသအလိုက် ဖြန့်ချိရေး ကိုယ်စားလှယ်များမှတစ်ဆင့် ဖြန့်ချိခဲ့ကြခြင်းဖြစ်သည်။ ယခုနောက် ပိုင်းတွင် အခွေငှားဆိုင် ဈေးကွက် ကျဆင်းလာပြီး တရားမဝင် ခိုးကူးခွေများထွက်ရှိလာသဖြင့် ယခုကဲ့ သို့ ပရီစနစ်ဖြင့် ဖြန့်ချိရန် ထုတ် လုပ်သူအချို့က ကြိုးစားလာကြ ခြင်းဖြစ်သည်။ 

No comments:

Post a Comment