CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, June 26, 2015
မုတ်သုံမိုးကြောင့် အိန္ဒိယမှာ အပျက်အစီးများ
အိန္ဒိယနိုင်ငံ Gujarat ပြည်နယ်မှာ အဆက်မပြတ် ရွာသွန်းနေတဲ့ မုန်သုံမိုးကြောင့် အစိုးရနဲ့ ပုဂ္ဂလိကပိုင် အိမ်ရာအဆောက်အဦး အများအပြား ပျက်စီးကုန်တယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
ရေလွှမ်းရာ ဒေသတွေမှာ အစားအသောက်တွေကို လေတပ်က ရဟတ်ယာဉ်တွေနဲ့ ချပေးနေရပြီး ရေကြီးမှုကြောင့် အနည်းဆုံး လူ ၇၀ ခန့် သေဆုံးတယ်လို့ သိရပါတယ်။
ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ သယ်ထုတ်ခဲ့ရသူ လူ ၁ ထောင် အပါအ၀င် လူပေါင်း ၁ သောင်းကျော်ဟာ ကုန်းမြင့်ရာ နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။
Saurashtra ဒေသမှာ အဆိုးရွားဆုံးဖြစ်ပြီး မိုးသည်းထန်တဲ့အတွက် အိမ်တွေ ပြိုကျ ပျက်စီးကုန်ပြီး နှစ်ပေါင်း ၉၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလွှမ်းမှုဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ပင်လယ်ကမ်းခြေ ဒေသဖြစ်တဲ့ Amreli ခရိုင်မှာ ရွာပေါင်း ၆၀၀ ကျော်ဟာ ရေလွမ်းမိုးမှုနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
နေရာအတော်များများ ရေကြီးနေတဲ့အတွက် စပါးတွေ ပျက်စီးကုန်ကာ လယ်သမားတွေ အထိနာကြပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေကြောင်း Gujarat ပြည်နယ် ကျန်းမာရေး ၀န်ကြီး Nitin Patel က ဘီဘီစီကို ပြောပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
မုတ်သုံမိုးကြောင့် အိန္ဒိယမှာ အပျက်အစီးများ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 26, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment