Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 1, 2015

အုပ်စုအဖွင့်ပွဲစဉ်ဖြစ်သည့် အင်ဒိုနီးရှားအသင်းကို အနိုင်ရရှိရန် အဓိကပြင်ဆင်ထားကြောင်း ဦးကြည်လွင် ဖွင့်ဟ


ဇွန်လ ၂ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည် ၂၈ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည် အင်ဒိုနီးရှားယူ-၂၃ အသင်းနှင့်ပွဲစဉ်အား အဓိက အနိုင်ရရှိရန်ပြင်ဆင် ထားကြောင်း မြန်မာယူ-၂၃ နည်းပြချုပ် ဦးကြည်လွင်က ဖွင့်ဟပြောကြား သွားခဲ့သည်။

မြန်မာယူ-၂၃ အသင်းသည် ၂၀၁၅ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ပြိုင်ရန်အတွက် စင်ကာပူနိုင်ငံတွင် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး မေလ ၂ရက်နေ့တွင် အင်ဒိုနီးရှားအသင်းနှင့် အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွား ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းပွဲစဉ်နှင့်ပတ်သက်၍မြန်မာယူ-၂၃ နည်းပြချုပ် ဦးကြည်လွင်က ပြောကြားရာ “ ကျွန်တော်တို့ကစားသမားတွေအား အင်ဒိုနီးရှားအသင်း သာမက ပြိုင်ဘက်အသင်း
တိုင်းကို လေးလေး စားစားနဲ့ တုံ့ပြန်ယှဉ်ပြိုင် ရမှာပါ။ ဘောလုံးဟာ ဘာမဆို ဖြစ်တတ်ပါတယ်။ အုပ်စုအဖွင့်ပွဲစဉ် ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ပွဲကို အနိုင်ရဖို့ အဓိကပြင်ဆင်ထားပါတယ်။ တစ်ပွဲချင်း တစ်ဆင့်ချင်းပဲ အနိုင်ရအောင် လုပ်သွားမှာပါ”ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

ထို့နောက် မြန်မာယူ-၂၃ အသင်း၏ လက်ရှိအနေအထား ကိုလည်း ထပ်လောင်းပြောကြားရာ “ အသင်းအနေနဲ့ တစ်ဦးကောင်း တစ်ယောက် ကောင်း စုဖွဲ့ထားတာ မဟုတ်ပါဘူး။ အသင်းလိုက် ကစားအား ကောင်းကောင်းနဲ့ ကစားဖို့ပြင်ဆင်ထား ပါတယ်။ အုပ်စုတွင်းမှာ ပြိုင်ဘက်တိုင်းကအသင်းကောင်းချည်းပါပဲ။ ဘယ်အသင်းမှ လျှော့တွက်ထားတာ မရှိသလို ဘယ်အသင်းကိုမှလည်း ရှိန်နေမှာမဟုတ်ပါဘူး။ ရည်မှန်းချက်ကတောပြိုင်ပွဲဝင် အသင်းတိုင်း ရည်မှန်းထားကြတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ မြန်မာယူ၂၃ အသင်းလည်း ရွှေရဖို့ လာပြိုင်တာပါ”ဟု ပြောကြားခဲ့သည်။

ဆီးဂိမ်းပြိုင်ပွဲ မြန်မာယူ-၂၃ အုပ်စုပွဲစဉ်များ

အုပ်စု(က) စင်ကာပူ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်

နေ့ အသင်း အချိန်
၂-၆-၂၀၁၅ မြန်မာ - အင်ဒိုနီးရှား ည ၇း၀၀
၎-၆-၂၀၁၅ စင်ကာပူ - မြန်မာ ည ၇း၀၀
၇-၆-၂၀၁၅ ဖိလစ်ပိုင် - မြန်မာ ည ၇း၀၀
၁၀- ၆-၂၀၁၅ မြန်မာ - ကမ္ဘောဒီးယား ည ၇း၀၀

planet

No comments:

Post a Comment